Part 163 💚❤ (More than love)

3.3K 617 289
                                    

💓

More than love

💚❤

ညည့်​နက်​​နေပြီ ... ။
သူမအိမ်​ပြန်​ချိန်​ကို ​မေ့​လျော့​နေသည်​လား ... ။
သူ မသိဘူး ... ။
သူမရဲ့ ​ခြေလှမ်း​တွေကို မမှားယွင်း​မိ​စေဖို့  သူ​ရှေ့တည့်​တည့်​ကလမ်းကိုပဲ ခပ်​​ဖြေး​ဖြေး​လျှောက်​​ပေးနေမိသည်​ ။
သူမက စာအုပ်​​တွေကို ပိုက်​ထားတယ်​ ။ ​ဘေးလွယ်​အိတ်​က​လေးလဲ လွယ်​ထား​သေးသည်​ ။
"ကိုင်​​ပေးရမလား" ဝမ်​ချီစန်းခပ်​တိုးတိုး​​ပြောလိုက်​သည်​ ။

လုမိန်းယွီ​ခေါင်းခါပြီ သူ့​ရှေ့တည့်​တည့်​မှာ ​ခြေစုံလာရပ်​သည်​ ။
"နင်​"

သူ့မ၏စူးရှရှမျက်​ဝန်း​တွေကို သူငုတ်​ကြည့်​မိသည်​ ။ လမ်းမီးတိုင်​မှ ဖြာကျ​နေသည့်​ ဝါကျင့်​ကျင့်​ မီး​ရောင်​က သူမရဲ့မျက်​နှာ​ပေါ်ကိုထင်​ဟပ်​သည်​ ။ သူမမပွင့်​တပွင့်​နဲ့ နှုတ်​ခမ်း​တွေလှုပ်​လာသည်​ ။
"သူ့အ​ပေါ်စိတ်​ရှိ​သေးလား"

သူမဘာကို စိုးရိမ်​​နေသည်​လဲ သူမသိဘူး ။ သိခွင့်ရဖို့​လည်းမကြိုးစားမိဘူး ။ သိလည်း မသိချင်​ဘူး ။ ဝမ်​ချီစန်း တဖက်​လှည့်​ကာ နှဖူးပြင်​ကို ကုတ်​ရင်း ရယ်​ကျဲကျဲလုပ်​မိသည်​ ။
"ကျဲဘာကိုစိုးရိမ်​​နေတာလဲ ကျွန်​​တော်​ဘာလုပ်​​ပေးရမလဲ"

သူမလည်း ဆက်​ကနဲ တဖက်​သို့လှည့်​သွားပြီး လမ်းမထက်​က နှင်း​တွေကို ဖိနပ်​ထိပ်​က​လေးဖြင့်​ ​ဆော့​နေသည်​ ။ သူမရဲ့ လှုပ်​ရှားမှုတိုင်းကို သူ လိုက်​ကြည့်​မိသည်​ ။ သူမကိုကြည့်​ပြီး သူရင်​ခုန်​လာဖို့မ​ပြောနှင့်​ က​လေးတ​ယောက်​​ဆော့​နေသည်​လို့​တောင်​ သူ့စိတ်​ထဲ ခံစားမှု​တွေရှိမ​နေခဲ့ဘူး ။

လုမိန်းယွီ​ပြောလာတယ်​ ။
"ငါ့ကိုသူက လက်​ထက်​မှာတဲ့"

ဝမ်​ချီစန်း ပြန်​မ​ပြောဖြစ်​ ။ ​​တွေးနှင့်​ပြီးသားအရာဖြစ်​တာ​ကြောင့်​ သူ့နှလုံးသားမနာကျင်​ခဲ့ဘူး ။
သူမကဆက်​​ပြောတယ်​ ။
"သူက အခု အလုပ်​ရ​နေပြီ
သူမားမားကလည်း ငါတို့လက်​ထက်​ဖို့ကို တိုက်​တွန်း​နေတယ်
သူ မားမားက ... "

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now