Part 173 💚❤ (Merry Christmas ⛄❄)

5.3K 725 383
                                    


💓

Merry Christmas ⛄❄

💚❤ 🔞ကလေးတွေဖတ်ရန်မသင့်တော်ပါ 🥺

မနက်​ခင်းရဲ့ မနက်​စာဝိုင်းမှာ ...
မျက်​နှာပူ​နေသည့်​ ဝမ်​ချီစန်းကို
ဝမ်​ချီ​အော့ ​ကော်​ဖီ​သောက်​ရင်း စိုက်​ကြည့်​​နေ​သည်​ ။
အရာရာက ဆိတ်​ငြိမ်​​နေပင်​မယ့်
သူ့စိတ်​ထဲမှာ​တော့ ဂ​ယောက်​ဂယက်​ ။
သူ့ကိုကြည့်​​နေသည့်​ ဝမ်​ချီ​အော့က တ​ဖြေး​ဖြေးပြုံးလာတယ်​ ။

"ဒါနဲ့ပါးပါး" ဝမ်​ချီ​အော့ ​ရှောင်းကျန့်​ကို လက်​တို့ကာ ​ခေါ်လိုက်​သည်​ ။ အစားကို​ခေါင်းငုတ်​စား​နေသည့်​ ​ရှောင်းကျန့်​သည်​လည်း ဝမ်​ချီ​အော့ကို ​မော့ကြည့်​ကာ ​ခေါင်းညိတ်​ပြပြီး ​ပြော​ခွင့်ေ​ပးသည်​ ။

"၁​ထောင်​! ... ကျွန်​​တော်​ ၁၀၀၀​ပေးမယ်​"
စားပွဲကို လက်​ဝါးနဲ့ရိုက်​ကာ ဝမ်​ချီစန်း​ပြောလိုက်​သည်​ ။ မနက်​စာ စား​နေသည့်​ ၆ ​ယောက်​လုံးက သူ့ကို​မော့ကြည့်​သည်​ ။

ဝမ်​ချီ​အော့က အနိုင်​ရသူတ​ယောက်​လို ပြုံးကာ ​ရှောင်းကျန့်​ကို ဆက်​ပြောလိုက်​သည်​ ။
"ညက​လေသိလားပါးပါး"

"၂​ထောင်​ကွာ" ဝမ်​ချီစန်း ​ချွေး​တွေပြန်​လာသည်​ ။
စားပွဲထိပ်​မှာ ထိုင်​​နေသည့်​ ဝမ်​ရိ​ပေါ်သည်​ ဆက်​မစားနိုင်​​တော့ပဲ ...
"မင်းတို့ အပြင်​ထွက်​ပြီး သတ်​ကြပါလား
သူများ​တွေထမင်းစား​နေတယ်​​လေ"

"ကျွန်​​တော်​က ညကကိစ္စ"

"၅​ထောင်​"

ဝမ်ချီရီနှင့်​​​ကောင်​မ​လေးနှစ်​​ယောက်​က​တော့ ​ကော်​ဖီ​တွေ​တောင်​သီးကုန်​ကြပြီ ။ လကုန်​ခါနီးသည့်​ရက်​ဖြစ်​တာ​ကြောင့်​ သူတို့ Wechat payထဲမှာ​တောင်​ ၂​ထောင်​ပြည့်​​အောင်​ရှိမ​နေ ။

ဝမ်​ချီ​အော့နှင့်​ ဝမ်​ချီစန်းကြား
ရှောင်းကျန့်​ဝင်​​ပြောလိုက်​သည်​ ။
"ကစား​နေတာ​တော်​​တော့
မင်းလဲ မင်းညီကိုမစနဲ့
မင်းလဲ ကိုယ့်​အစ်​ကိုကိုမရိုမ​သေမလုပ်​နဲ့"

လက်​ရဲ့အကျင့်​ပါ​နေမှု​ဖြင့်​ QR codeကို ချက်​ချင်းဖွင့်​ကာ ဝမ်​ချီစန်း​ရှေ့ ဝမ်​ချီ​အော့ ဖုန်းကိုတိုး​ပေးလိုက်​သည်​ ။
ပါးစပ်​ထဲမှာလဲ ပလုတ်​ပ​လောင်း ဖြင့်​ စကားကိုလည်းမပီမသ​ပြောလိုက်​​သေးသည်​ ။
"ပါးပါး​ပြောတာကြားတယ်​​နော်​ချီစန်း မင်းငါ့ကိုမရိုမ​သေမလုပ်​နဲ့"

Family with lots of love 💚❤ Part 1 to 190 (Until you fall in love💚❤ Season2)Where stories live. Discover now