Part-2

13.4K 374 9
                                    

    ကန်တင်းရောက်တော့ တွေ့ရာ အနီးဆုံးစားပွဲဝိုင်းကိုဝင်ထိုင်ပြီး waiterညီလေးကို လှမ်းခေါ်လိုက်ကာ....

"မင်းတို့ဘာမှာမှာလဲ
ငါကတော့ ထမင်းပေါင်းပဲစားတော့မယ်
ညီလေး ကိုကြီးကို ထမင်းပေါင်းတစ်ပွဲ သံဗူးတစ်ခွက် မြန်မြန်လေးနော် မြန်နိုင်သမျှမြန်မြန်လေး" ဆိုပြီးတဆက်တည်းပြောသွားသော တေဇကို ကြည့်ရတာ တော်တော်ဆာနေတဲ့ပုံပင်..

"ငါကတော့ လက်ဖက်ထမင်းနဲ့သံဗူးတစ်ခွက်" လို့ညီလင်းထက်ကမှာပြီးတော့

"အေး ကိုကြီးလဲ သူ့လိုပဲ ညီလေး" ဆိုပြီး ညီလင်းထက်ကိုလက်ညိုးထိုးပြကာ မှာလိုက်သည်။
10မိနစ်လောက်စောင့်ပြီးတော့ waiterညီလေးက မှာထားတဲ့ အစားအစာတေကို လာချပေးသည်။

 
   ကျွန်တော်တို့လဲဆာဆာနဲ့စားနေကြရင်း ကျွန်တော်ထိုင်နေတဲ့ဘေးဆိုင်ကိုဝင်လာတဲ့ ကိုသုနဲ့ မိန်းကလေးတစ်ယောက် သူတို့ကတော့ကျွန်တော်တို့ကိုမြင်ပုံမရဘဲ နှစ်ယောက်ထဲစကားပြောလာရင်း စားပွဲဝိုင်းတစ်ခုဝင်ထိုင်လိုက်တာကို တွေ့ရသည်။ ခုနကကျွန်တော်တို့ခေါ်တာကျတော့ မလိုက်တော့ဘူးဆိုပြီး အခုကျတော့မိန်းကလေးတစ်ယောက်နဲ့ ထမင်းလာစားသည်လား သူ့ကောင်မလေးပဲနေမှာပေါ့ တွေ့ပြီး ကျွန်တော်လဲ စားစရာရှိတာသာ ဆက်စားလိုက်တော့တယ်။

"အမယ်လေး ကုန်ပါပြီ ငါ့အသဲလေး ဗြဲ......"ဆိုတဲ့ ဝမ်းနည်းတဲ့အသံကို ကြားလိုက်ရကာ စားနေရာမှမော့ကြည့်လိုက်တော့ ဟိုဘက်ဆိုင်က
ကိုသုတို့ဝိုင်းကို ကြည့်ပြီးပြောနေတဲ့ ပြည့်စုံ...

"ဟျောင့် မင်းအသံကြီးကို နဲနဲလျော့ပြော လူတွေတောင်ကြည့်နေပီ"

"ဟျောင့် ညီလင်း မင်းမသိဘဲ မပြောနဲ့
ငါ့မှာ မေလေးကို first yr စတက်ထဲက ကြိုက်ခဲ့ရတာ မေလေးကိုယောက်ျားလေးနဲ့နှစ်ယောက်ထဲ တွဲသွားတွဲလာလုပ်တာ တစ်ခါမှမမြင်ဖူးဘူး  ဗြဲ......"

"အဲ့တာ ကိုကြီးသုတ မဟုတ်လား"

"မသိဘူးကွာ သူ့ဟာသူ ဘယ်သူဖြစ်ဖြစ် မေလေးကို ထိရင်တော့ ငါနဲ့ငြိမှာပဲ"

"ဟားးးး ဟားးးး ဟားးးး လို့ပဲ ငါအော်ရယ်လိုက်တော့မယ် မင်းနဲ့ငြိရအောင် မင်းနဲ့သူကရည်းစားတွေလဲမဟုတ် ဟားး ဟားးး"

ဦးဆုံးမို့ (completed)Where stories live. Discover now