Part-31(Uni)

4.5K 344 0
                                    

   ကျွန်တော်ဆိုင်ရှေ့မှာ..ရပ်ကြည့်နေမိတာ ဘယ်လောက်ကြာနေပြီလဲတောင်မသိတော့ဘူး...။ ကိုသုကို ဟိုလူပခုံးဖက်ပြီး ဆိုင်ထဲဝင်သွားထဲက ကျွန်တော်ရပ်ကြည့်နေမိတာ...
ကျွန်တော်ဘာလုပ်ရမလဲ?...
ကိုသုတကယ်ပဲ ကျွန်တော့်ကို ပြန်လာမယ့်အကြောင်း မပြောရတာလဲ..ဆိုတဲ့အတွေးဝင်လာပြီဆိုတည်းက...ကျွန်တော် အဲ့ဆိုင်ထဲကို လိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်....

ကားလမ်းတစ်ဖက်က ကော်ဖီဆိုင်ကို ရောက်ဖို့အတွက်...ဆိုင်ကယ်များစွာကို ရှောင်ရှားကာ တစ်ဖက်လမ်းကိုရောက်မှန်းမသိ ကူးလိုက်ပြီး...ဆိုင်ထဲကိုဝင်လိုက်တယ်...

ဆိုင်ထဲရောက်လို့...ရှာကြည့်လိုက်တော့...အစွန်ဆုံးဝိုင်းမှာ ရယ်မောကာစကားပြောနေကြတဲ့ ကိုသုတို့ကိုတွေ့ရတယ်..။ ကျွန်တော်လည်း ကိုသုတို့ဝိုင်းအနားလျှောက်သွားလိုက်တော့...ကိုသုက ကျွန်တော့်ကို မြင်သွားတယ်...

"ထွန်း...ထွန်းကို....
ဘယ်...ဘယ်လာတာလဲ?..."

"ကိုသုဆီလာခဲ့တာ..."

"သုတ...အဲ့တာဘယ်သူလဲ?.." လို့ဆိုပြီး ဘေးကလူက ဝင်မေးတယ်...

"သူ...သူက..."

"ကျွန်တော်က တေဇထွန်းကို...
တနည်းအားဖြင့် ကိုသုချစ်သူ..."

"ဘာ!..."     "ထွန်းကို.."

"ကိုသုပြောပြလိုက်လေ...
ကျွန်တော်တို့၂ယောက်အကြောင်းကို.." လို့ပြောလိုက်ပြီး ကိုသုပခုံးကိုဖက်လိုက်ကာ ပြောလိုက်တော့...

"သုတအောင်!..."

"ဗျာ....ကိုလတ်..."

"ကိုလတ်..."

"ဟုတ်တယ်...ကိုလတ်...
ဒါငါ့အကို...သီဟအောင်တဲ့..."

"ဗျာ..."

"မင်းကို မိတ်ဆက်ပေးခိုင်းနေတာ မဟုတ်ဘူး...
အခုကိစ္စကိုရှင်း...သုတ..."

"ဟို...ဟို...အဲ့...အဲ့တာက..."

"ဟိုဟိုဒီဒီတွေ လျှောက်မပြောနေနဲ့...
အခုရှင်း..."

"ဟုတ်..."

"ဟို...ကိုသုရောဒီကအကိုရော ခနထိုင်လိုက်ပါလား..."

"ဟင်း....."ဆိုပြီး သက်ပြင်းချကာ ကိုသုရောဟိုအကိုရော..၂ယောက်လုံးထိုင်လိုက်ကြတယ်...

ဦးဆံုးမို႔ (completed)Donde viven las historias. Descúbrelo ahora