"ညီလင်း...မင်းဘဲကြီးနဲ့ အဆင်မပြေသေးဘူးလား..."
"ငါ့ကို သူ့အကြောင်းလာမပြောနဲ့...
မကြားချင်ဘူး...""ဘယ်လိုဖြစ်တာလဲကွာ...နေဝန်းကို သွားမေးတော့လည်း ဘာမှမပြောဘူး..
မင်းတို့မပြောဘဲ..ငါတို့က ကြားထဲက ဘယ်လိုဖြေရှင်းပေးရမှာလဲ?..""ဟင်း.....ကျွန်တော်အဲ့လူအကြောင်း မပြောချင်တော့ဘူး.."
"ပြောပြပါကွာ...ငါတို့သိချင်လို့ပါ.." လို့ ပြောလိုက်တော့မှ ဖုန်းကို ချပြီး ကျွန်တော်တို့ဘက်လှည့်လာတယ်..။
ကျွန်တော်တို့အိမ်မှာ ဖေဖေရယ်မေမေရယ်ရတီတို့သားဖတစ်တွေလုံး ပုဂံဘုရားဖူးထွက်သွားတာကြောင့်..အိမ်မှာ ကျွန်တော်တစ်ယောက်ပဲ အိမ်စောင့်အနေနဲ့ ကျန်ခဲ့တယ်..။ အဲ့တာနဲ့..ယောက္ခမမေမေက ကျွန်တော်တစ်ယောက်တည်းနေနေတာ..စိတ်မချလို့ဆိုပြီး..ကိုသုကို အိမ်မှာ လာနေခိုင်းစေတယ်..။
ဒီနေ့နဲ့ဆို..ကိုသုလာနေတာ ၂ရက်ရှိပြီ..။ ဒီနေ့မှ..ညီလင်းက အစောကြီးရောက်လာတယ်..။ ရောက်လာတဲ့အကြောင်းအရင်းကတော့..အိမ်မှာ wifiတပ်ထားတာကြောင့်..ဇာတ်ကားတွေ လာdownခြင်းဖြစ်သည်..။
"မပြောချင်ပါဘူးဆိုမှ...
ဒီလိုကွာ...ကျွန်တော်အဲ့နေ့က..ကိုနေမလာလို့ ကိုနေတို့အဆောင်စီ လိုက်သွားရင်း...နားနေဆောင်မှာ..ငြိမ်းချမ်းဆိုတဲ့ကောင်က ကိုနေ့ပခုံးကိုမှီပြီး ထိုင်နေတာတွေ့တယ်..။ ကျွန်တော်လည်း ဒေါသတွေထွက်ပြီး..သူတို့ထိုင်နေတဲ့ခုံဆီ သွားပြီး..ကိုနေ့ပခုံးပေါ်မှီနေတဲ့ ဟိုကောင့်ရဲ့ခေါင်းကိုဖယ်လိုက်တယ်..။
"ညီ.."
"ဒါ ဘာလုပ်နေတာလဲ?..."
"ငြိမ်းချမ်းမူးလို့..ခနနားနေတာ.."
"သြော်..မူးနေတဲ့သူကလည်း အကောင်းလိုပဲနော်.."
"ညီ ဘယ်လိုပြောနေတာလဲ?...
လူတွေနဲ့ကို ဘာလို့အော်ပြောနေတာလဲ?...
မရှက်ဘူးလား...""အဟက်...ရှက်ရမယ်...
ဘယ်သူက ရှက်ရမှာလဲ?..
သူများရည်းစားကို လိုက်ကပ်နေတဲ့သူကမှ ရှက်ရမှ...
ပြောရပေါင်းလည်း များနေပြီ..
မရှက်တတ်ဘူးလားမသိဘူး..."
YOU ARE READING
ဦးဆုံးမို့ (completed)
Romanceခင်ဗျားသည်သာလျှင်ကျွန်တော့်ရဲ့ဦးဆုံးမို့ ခင်ဗျားရဲ့အချစ်တွေအကုန်လုံးကျွန်တော့်အတွက်ပဲဖြစ်ပေးပါ