ကျွန်တော်တို့၃ယောက်...အဆောင်ရှေ့ရောက်တော့...မေနှင်းစုတို့က အဆောင်ရှေ့ခုံတွေမှာ ထိုင်နေကြတာမို့...ပြည့်စုံက အောက်မှာနေခဲ့ပြီး...ကျွန်တော်နဲ့ညီလင်းက...အခန်းထဲကိုလျှောက်လာခဲ့တယ်..။
အခန်းထဲရောက်တော့...အရင်နေ့တွေက...trainingဆင်းနေလို့...ဒီအချိန်အတန်းမှာမရှိတဲ့ ကိုသုက...ခုံပေါ်မှာကျောပိုးအိတ်ကိုတင်ကာ...ကျောပိုးအိတ်ပေါ်မှာ လက်၂ဖက်နဲ့မျက်နှာကိုကပ်ထားပြီး..နံရံဘက်ကိုလှည့်ပြီး..အိပ်နေတယ်...။
"ကိုသု...
ဒီနေ့trainingမရှိဘူးလား..."လို့ပြောလိုက်တော့...ကိုသုက အိပ်နေရာကနေ မော့ကြည့်လာတယ်..."အင်း....ဟုတ်တယ်...
နည်းနည်းနေလို့မကောင်းလို့...မသွားတာ...""ဟမ်.....
ဟုတ်သားပဲ...ကိုယ်လဲပူနေတယ်...
ကိုသုမျက်လုံးတွေလည်း ရဲနေတာပဲ...
ဘယ်လိုဖြစ်တာလဲ?...ကိုသု.." လို့မေးပြီး..ကျွန်တော်လည်း ဝင်ထိုင်လိုက်တယ်..."မနေ့က...ရောက်ရောက်ချင်း ရေချိုးလိုက်လို့ ဖြစ်မယ်..."
"ဟာ...ဘယ်လိုဖြစ်လို့ရောက်ရောက်ချင်း ရေကိုချိုးရတာလဲ?...ချွေးတွေနဲ့ဟာကို...
အခုလည်းကြည့်...နေမကောင်းဖြစ်နေတာကို..အနွေးထည်လည်း မဝတ်လာဘူး..ဟင်း...""ငါလည်း..trainingဆင်းလို့...ချွေးထွက်သွားရင်ပျောက်မယ်ထင်လို့...မဝတ်လာတာ..."
"ဟင်း......မပြောတော့ဘူး...
ဆေးရောသောက်လာရဲ့လား...""ဟင့်အင်း..."
"ဘာ!!...
ကိုသု!...ဒီလောက်နေမကောင်းဖြစ်နေတာတောင်...ဘာလို့ဆေးမသောက်လာတာလဲ?...""ထွန်းကိုရာ...တိုးတိုးပြောပါကွာ..."
"ဟူး....ကျွန်တော် ကိုသုကိုစိတ်ပူသွားလို့..."
"ငါသိပါတယ်...မင်းစိတ်ပူလို့ပြောမှန်း..."
"အင်း......ရော့..."ဆိုပြီး ကျွန်တော့်အပေါ်ကထပ်ဝတ်လာတဲ့ အကွက်လက်ရှည်ကို ချွတ်ပြီး..ကိုသုကိုပေးလိုက်တယ်...
"ရတယ်...ငါမချမ်းဘူး..."
မချမ်းဘူးသာ ပြောနေတယ်...လက်၂ဖက်ကို ပိုက်ထားတဲ့ ကိုသု...
YOU ARE READING
ဦးဆုံးမို့ (completed)
Romanceခင်ဗျားသည်သာလျှင်ကျွန်တော့်ရဲ့ဦးဆုံးမို့ ခင်ဗျားရဲ့အချစ်တွေအကုန်လုံးကျွန်တော့်အတွက်ပဲဖြစ်ပေးပါ