Ringing...
"Hello! ကိုသု..."
"အင်း..ထွန်းကို ပြော..."
"ကိုသု ကျောင်းရောက်ပြီလား..."
"အေး..practical အခန်းတောင်ရောက်တော့မယ်"
"ကိုသု...ကျွန်တော် ဒီနေ့နည်းနည်းနောက်ကျမယ်နော်...အဲ့တာလှမ်းပြောတာ.."
"ဟင်...ဘာဖြစ်လို့လဲ?...
အိပ်ယာထနောက်ကျပြန်ပြီလား...""မဟုတ်ပါဘူး...
လာခါနီး ဆိုင်ကယ်ဘာဖြစ်သွားလဲ မသိဘူး...
နှိုးမရဖြစ်နေလို့...""သြော်...ဟုတ်လား...
အဲ့တာဆို...အခု ဘာနဲ့လာတာလဲ?...""ဖေဖေလိုက်ပို့တာ...
ကျောင်းရောက်ခါနီးနေပါပြီ...""အင်း အင်း...ပြီးရော..." ဆိုပြီး ကိုသုဖုန်းချသွားတယ်...။
"ဘယ်သူလဲ? သား...
ကောင်မလေးလား...ကျောင်းနောက်ကျမှာကိုတောင်လှမ်းပြောနေရတာ...
ရည်းစားရနေပြီလား သား...""မဟုတ်ပါဘူး...ဖေဖေ...
သားသူငယ်ချင်းပါ...""ဟုတ်လို့လား...သားရာ..."
"ဟုတ်ပါတယ်...ဖေဖေရဲ့.."
ကျွန်တော်ဖေဖေ့ကိုသာ...ပြန်ဖြေနေရတာ...ဘာလို့ရှက်နေမှန်းကိုမသိဘူး..။ ကျောင်းနောက်ကျမှာကိုတောင်...ကိုသုစိတ်ဆိုးမှာကြောက်လို့...ဘာလို့လှမ်းပြောနေမိလဲ...ကိုယ့်ကိုယ်ကိုလည်း မသိတော့ဘူး..။
.............................
ကျွန်တော်practicalအခန်းထဲရောက်တော့...လူတွေစုံတော့စုံနေပါသည်..။ ကျွန်တော်လည်း ကိုယ့်နေရာကို ဝင်ထိုင်လိုက်ပြီး...practicalစာအုပ်ကိုသာ ဖတ်နေလိုက်တယ်..။
ကျွန်တော်လည်း စာအုပ်ကို ကြည့်နေရင်း...ခနကြာတော့ အသံတွေဆူနေသလိုမျိုးကြားရတယ်...။ ကျွန်တော့်အရှေ့က..မိန်းကလေးတွေရော..ယောက်ျားလေးတွေရော တစ်နေရာကိုလှည့်ကြည့်နေကြတယ်..။
သူတို့ကြည့်နေကြတဲ့နေရာက..practicalအခန်းရှေ့ကကော်ရစ်တာကို...ကျွန်တော်လည်း သူတို့ကြည့်နေတဲ့နေရာကို ကြည့်လိုက်တော့...
ဘယ်သူများလဲလို့...ထွန်းကိုဖြစ်နေတယ်..။သူတို့ကြည့်နေရတဲ့အကြောင်းအရင်းက..ဒီနေ့ ထွန်းကို ဝတ်လာတဲ့ပုံစံရော ဆံပင်ပုံစံရော အကုန်လုံးကြောင့်...။ အရင်နေ့တွေက...ထွန်းကိုက ရှပ်လက်တိုနဲ့ အင်္ကျီအရောင်နဲ့လိုက်တဲ့ပုဆိုးတွေကိုသာ ဝတ်တတ်ပြီး....ဒီနေ့တော့...
YOU ARE READING
ဦးဆုံးမို့ (completed)
Romanceခင်ဗျားသည်သာလျှင်ကျွန်တော့်ရဲ့ဦးဆုံးမို့ ခင်ဗျားရဲ့အချစ်တွေအကုန်လုံးကျွန်တော့်အတွက်ပဲဖြစ်ပေးပါ