"ညီ...ဒီကိစ္စက ဘယ်ကဘယ်လို mail boxပေါ်ရောက်လာတာလဲ?..."
"မသိပါဘူးဆို ကိုနေရာ..ကျွန်တော်တို့ကို စချင်တဲ့လူတွေတင်တာနေမှာပေါ့...
လင်းမြတ်နဲ့ကျွန်တော်က ဒီတိုင်းပဲခင်တာပါ...""အဲ့တာဆို ဘာလို့ ညီတို့အကြည်စိုက်နေတဲ့ပုံက ပါလာရတာလဲ?...
မသိတဲ့လူတွေဆိုရင် ညီတို့၂ယောက်ကို သူတို့ရေးထားတဲ့ captionအတိုင်းထင်ကြမှာပဲ...""ဟာ...ဟုတ်မှမဟုတ်တာပဲကိုနေရာ...
ကိုယ့်ဘက်ကလိပ်ပြာလုံရင်ပြီးရောပေါ့...
လင်းမြတ်ကလည်း သူတို့တွေးနေသလိုတွေးမှာမဟုတ်ဘူး...""အဲ့တာဆို ဘာလို့ သူညီ့ကိုကြည့်တဲ့အကြည့်က...ချစ်ရိပ်လွှမ်းနေတာလဲ?..."
"အဲ့တာ သူ့ဘက်ကကြည့်တာလေ...ကျွန်တော်မှမသိတာ...
ကိုနေထင်သလိုလည်း မဟုတ်လောက်ပါဘူး..""ကျစ်...ဒါ ညီတို့အနေအထိုင်မဆင်ခြင်လို့...ဒီလိုပုံတွေထွက်လာတာပေါ့..."
"ဟာ....ကိုနေ!...
လွန်သွားပြီနော်...ကျွန်တော့်ကိုအဲ့လိုမပြောနဲ့...
သူငယ်ချင်းအချင်းချင်း စကားတောင်ပြောလို့မရဘူးလား...
တင်တယ်ဆိုတာကလည်း...အတန်းထဲက စနောက်ချင်တဲ့သူတွေ တင်ထားပဲနေမှာပေါ့...""သြော်...စတဲ့သူတွေကလည်း..ညီတို့ကို အချိန်တိုင်းလိုက်ကြည့်နေတာပဲနော်..."
"ကိုနေ!.."
"အခုဟာက...တစ်ခါလည်းမဟုတ်...၂ခါလည်းမဟုတ်...ဘယ်နှခါရှိနေပြီလဲ?..."
"ညီလင်းရောကိုနေဝန်းရော..တော်ကြပါတော့..လူတွေလည်းလာနေကြပြီ...
ပွဲကလည်း ခနနေရင်စတော့မှာ..
အခုရောက်နေတာအတန်းထဲမှာလည်းမဟုတ်ဘူး...အားကစားရုံထဲမှာနော်...
ရှင်းချင်အိမ်ရောက်မှရှင်းကြပါ.." ဆိုပြီး ပြည့်စုံက ဝင်ပြောတော့မှ ၂ယောက်လုံးတိတ်သွားတော့တယ်...*ဖြစ်ပုံကဒီလို...
ကိုသုတတို့ပွဲက..၁၀နာရီမှဖြစ်တဲ့အတွက်..ကျွန်တော်တို့တစ်မေဂျာလုံး အတန်းချိန်မရှိဘဲ..ဗိုလ်လုပွဲကိုအားပေးဖို့ပြင်နေကြခြင်း ဖြစ်တယ်..။ ၁၀နာရီမထိုးသေးလို့..ကျွန်တော်တို့လည်း...အတန်းထဲက လူတွေနဲ့ပုံမှန်အတိုင်း စကားပြောကြတာပေါ့..။
YOU ARE READING
ဦးဆုံးမို့ (completed)
Romanceခင်ဗျားသည်သာလျှင်ကျွန်တော့်ရဲ့ဦးဆုံးမို့ ခင်ဗျားရဲ့အချစ်တွေအကုန်လုံးကျွန်တော့်အတွက်ပဲဖြစ်ပေးပါ