Ringing....Ringing...
"ဘာလဲ?..."
"တေဇ မင်းကလည်း...ပြောပုံကြီးက.."
"ဘာကိစ္စလဲ?..."
"မင်းကလည်း...ကောင်းကောင်းပြောပါကွာ..."
"မင်းဘာပြောမလို့လဲ?..ညီလင်း..
အရစ်ရှည်မနေနဲ့...မြန်မြန်ပြော...""မင်းကလည်း...
မနက်ဖြန် ရုပ်ရှင်သွားကြည့်မို့ လိုက်ခဲ့ပါလား...""မလိုက်ဘူး..."
"ဟာ...မင်းကလည်း...
အရင်ကလည်း သွားနေကျကို..""လာမပြောနဲ့...
မင်းတို့နဲ့စကားမပြောချင်ဘူး...""စိတ်ကောက်နေတာလား မင်းက...
ငါတို့က မင်းကိုမခေါ်လို့လေ...""ေ-ာကိုစိတ်ကောက်...
မင်းလင်နဲ့သာ သာသာယာယာနေ...
ငါ့ကို လာမခေါ်နဲ့...""စိတ်မကောက်...အယ်...
စိတ်မဆိုးပါနဲ့ကွာ...
မင်းကိုခေါ်ရင်..ငါတို့ကို ကြည့်ပြီး ကိုသုတကိုလွမ်းနေမှာစိုးလို့ပါ...""လာမပြောနဲ့ကွာ..."
ကိုသုပြန်လာဖို့၁၀ရက်လောက်လိုသေးတာမို့..လွမ်းနေတာကို သူက အစပြန်ဖော်နေသေးတယ်...
"လိုက်ခဲ့ပါကွာ...
ကိုသုတကလည်း မင်းကိုပါခေါ်ဖို့ပြောတယ်ကွ..""သြော်...ကိုသုခေါ်ခိုင်းလို့ မင်းတို့ကခေါ်တာပေါ့လေ..."
"မဟုတ်ပါဘူးကွာ...မနက်ဖြန် ပြည့်စုံပါ ပါမှာ...
လိုက်ခဲ့ပါကွာ...""ဟင်း....အေးအေး...
iconမှာမဟုတ်လား...
လာခဲ့မယ်...""အေးအေး...အဲ့တာဆို ဒါပဲ..."ဆိုပြီး ညီလင်းက ဖုန်းချသွားတယ်..။ စိတ်မပါပေမယ့်လည်း ကိုသုကလည်း သွားစေချင်တာမို့ လိုက်သွားမယ်..
..........
"ဘာတဲ့လဲ ညီ...."
"လိုက်မယ်တဲ့..."
"ဟုတ်လား..."
"အင်း..."
"အဲ့တာဆို ကိုယ်တို့လွတ်လွတ်လပ်လပ်ဘယ်နေရတော့မလဲ?.."
"ခင်ဗျားက ဘာတွေလွတ်လပ်ချင်သေးလို့လဲ?.."
"ဟင်း...ညီမသိပါဘူးကွာ...
တေဇထွန်းကိုက...ဘာမှမဟုတ်တော့ဘူး.."
YOU ARE READING
ဦးဆုံးမို့ (completed)
Romanceခင်ဗျားသည်သာလျှင်ကျွန်တော့်ရဲ့ဦးဆုံးမို့ ခင်ဗျားရဲ့အချစ်တွေအကုန်လုံးကျွန်တော့်အတွက်ပဲဖြစ်ပေးပါ