ကျွန်တော်တို့လည်း...လျှောက်လာရင်း...ဘုရားနောက်က..ကျွန်တော်တို့ ထိုင်နေကြ ဆိုင်ကို...ဝင်လိုက်ပြီးတော့...။
"ဟျောင့်တွေ...အနောက်မှာထိုင်မှာလား...အထဲမှာထိုင်မှာလား...."ဆိုပြီး ညီလင်းကမေးလိုက်တယ်...။
"အနောက်မှာပဲ...ထိုင်မယ်လေ..."
"အေး....အဲ့တာဆိုလည်း...သွားမယ်..."
အနောက်မှာက...ကန်ရှိပြီး...စားပွဲဝိုင်းတွေလည်း...ချထားပြီး...ကန်ဘောင်ပေါ်မှာလည်း..စားပွဲဝိုင်းတွေ...ချထားတယ်...။
ကျွန်တော်တို့လည်း...ကန်ဘောင်ပေါ်က...စားပွဲဝိုင်းမှာ...ထိုင်လိုက်တယ်...။ကျွန်တော့်ဘေးမှာ...ကိုသုက ထိုင်ပြီး...မျက်နှာချင်းဆိုင်မှာက...ညီလင်းနဲ့ပြည့်စုံ..ထိုင်လိုက်တယ်...။
"အန်တီ...မှာမယ်.."
"အေးအေး...လာပြီ သားရေ....
သြော်..ဘယ်သူတွေများလဲလို့...
တေဇတို့အဖွဲ့ပါလား..ကဲ...ထုံးစံအတိုင်းပဲလား...""ဟုတ်...အရင်တိုင်းပဲ...ကွေ့တီယို ၃ပွဲ...သင်္ဘောသီးထောင်း ၁ပွဲ...ပြောင်းဖူးထောင်း ၁ပွဲ...
ကိုသုရော...ဘာမှာမှာလဲ?""သဘောင်္သီးထောင်း၁ပွဲ နဲ့ ပြောင်းဖူးထောင်း၁ပွဲ.."
"အဲ့တာ..ကျွန်တော်တို့...မှာထားတဲ့အထဲမှာ..ပါတယ်လေ...ဘာလို့ထပ်မှာနေတာလဲ?"
"ငါမဝလို့.." ဆိုပြီး သူ့ခြေထောက်ကိုပါ..တက်နင်းလိုက်တယ်.."
*တေဇထွန်းကို...တော်တော်အလိုက်မသိတဲ့ကောင်...ကျွန်တော်က...သူများတွေနဲ့..အတူတူ မစားတတ်တာ...သူမေ့သွားတာလား...။ကျွန်တော်လည်း...စိတ်ပေါက်ပေါက်နဲ့...သူ့ခြေထောက်ကို...တက်နင်းပြစ်လိုက်တယ်...။ *
"အ"ဆိုပြီး..အော်သံနဲ့အတူ...ကျွန်တော့်ကို ကြည့်လာတယ်..။ ကျွန်တော်လည်း သူ့ကို...စိုက်ကြည့်ပြီး..ပြုံးပြလိုက်တယ်..။ အဲ့တော့မှ...သူလည်း..."ခု...ခုနကအတိုင်းပဲနော်...အန်တီ..."
"ခုနက...ဘာဖြစ်တာလဲ တေဇ...
အလန့်တကြား ထအော်တာလဲ?""အဲ့...အဲ့တာ...ပုရွက်ဆိတ် ကိုက်တာ...ဟဲဟဲ"
"ပုရွက်ဆိတ်ကိုက်တာကိုများ..အလန့်တကြား လုပ်နေတယ်..."
ESTÁS LEYENDO
ဦးဆုံးမို့ (completed)
Romanceခင်ဗျားသည်သာလျှင်ကျွန်တော့်ရဲ့ဦးဆုံးမို့ ခင်ဗျားရဲ့အချစ်တွေအကုန်လုံးကျွန်တော့်အတွက်ပဲဖြစ်ပေးပါ