Part-17(Uni)

5.5K 401 0
                                    

ကျွန်တော် ကိုသုကိုဖုန်းဆက်နေတာ...၂ညနဲ့၁ရက်ရှိပြီ...။ ကိုသုနေမကောင်းတဲ့ညကတော့...နေမကောင်းနေလို့...အိပ်နေပါစေဆိုပြီး..ဖုန်းထပ်မဆက်တာ...နောက်နေ့ရောက်တော့...ကိုသုဖုန်းကိုခေါ်နေတာ...ညရောက်တဲ့အထိ..ခေါ်လို့မရဘူး..။

အိမ်ကိုလိုက်သွားဖို့ကလည်း...မသွားရဲလို့...လမ်းထိပ်ကနေပြန်လှည့်လာလိုက်ခဲ့တယ်..။ အခုလည်းခေါ်နေတာ...မကိုင်သေးဘူး...။ မကိုင်မချင်း ခေါ်မယ်ဆိုပြီး...ဆက်ခေါ်နေလိုက်တယ်..။ နောက်ဆုံးတစ်ခေါက်ခေါ်မယ်ဆိုပြီး..ခေါ်လိုက်တော့...

Ringing....

"Hello!...ထွန်းကို.."

"တော်သေးတာပေါ့...ဖုန်းကိုင်လို့..
ကိုသုရာ...ဘာလို့ဖုန်းမကိုင်တာလဲ?...
ဘာများဖြစ်နေတာလဲလို့...ဒီမှာစိတ်ပူနေတာကို...."

"အာ....sorryပါကွာ...
မနေ့ညကတည်းက...နေမကောင်းလို့ ဖုန်းကိုသိမ်းထားတာ...ခုမှ ဖွင့်ကြည့်မိတာ..."

"ဟင်း....အခုရော ဘယ်လိုနေသေးလဲ?...
ထမင်းရောစားလို့ရပြီးလား...
ဆေးရောသောက်ထားရဲ့လား...
ခေါင်းရောကိုက်သေးလား...
ရေမချိုးသေးနဲ့ဦးနော်...နေကောင်းသေးတာမဟုတ်ဘူး.."

"ဖြေးဖြေးပြောပါ ထွန်းကိုရယ်...
ငါနေကောင်းနေပါပြီ...
ဆေး၂လုံးတော့ ထိုးလိုက်ရတယ်..ဟီး..ဟီး.."

"ဟုတ်လား...ကောင်းတယ်...
ဆေးထိုးလိုက်တာ..."

"ဘာ!!...မကောင်းပါဘူး.."

"ဘာကိုလဲ?.."

"ဆေးထိုးတာ ပြောတာ....
ဆေးထိုးခံရတာ ဘယ်လောက်နာတာမှတ်လို့...
ပေါင်ကိုတန်းသွားတာပဲ...ဟင့်...
ဒါတောင် ဖေဖေထိုးပေးတာမို့လို့..."

"ကိုသုဖေဖေက ဆရာဝန်လား..."

"အင်း...ဟုတ်တယ်...ကိုလတ်ရောပဲ...
ငါ့အထက်ကလေ..."

"သြော်...အခုရော ဘာလုပ်နေတာလဲ?.."

"ဒီလိုပါပဲ....အခန်းထဲမှာ လှဲနေတာ..."

"သြော်...."

"ထွန်းကို.."

"ဗျာ.."

"ထွန်းကို..."

"ဗျာ..."

"ထွန်းကို.."

ဦးဆံုးမို႔ (completed)Tahanan ng mga kuwento. Tumuklas ngayon