Part-37(Uni)

4.1K 330 4
                                    

Ringing...Ringing...

"Hello!...ကိုနေ.."

"ညီ...ညီ အဆင်ပြေရဲ့လား...
ကိုယ်လည်း စိတ်ထဲမှာတစ်မျိုးကြီးဖြစ်နေတယ်..
ညီ့ကို ညီ့ဖေဖေဘာပြောတာလဲဟင်..."

"ဟင့်...ကိုနေ..ရွှတ်..ဟင့်..."

"ညီ...ဘာလို့ငိုနေတာလဲ?...
ကိုယ်ကိုပြောလေ...ညီ...
ညီ့ဖေဖေက ညီ့ကို ဘာပြောလို့လဲ?..."

"ကျွန်တော်တို့အကြောင့်ကိုဖေဖေသိသွားပြီ ကိုနေ..."

"ဟင်...ဘယ်လိုသိသွားတာလဲ?...
ညီ့ကို ဘာလုပ်သေးလဲ?...ကိုယ့်ကိုပြော..."

"ဘယ်သူပြောတာလဲ မသိပေမဲ့..ဖေဖေက တော်တော်ကို ဒေါသထွက်နေတာ..
ကျွန်တော့်ကိုလည်း တစ်ခါမှမထိုးဖူးဘဲ...၂ချက်တောင်ထိုးတယ်...
ကျွန်တော်အထိုးခံရလို့ဝမ်းနည်းတာမဟုတ်ဘူး...ဖေဖေတို့ ကျွန်တော့်ရဲ့ဖြစ်တည်မှုကို နားမလည်ပေးလို့ အရမ်းဝမ်းနည်းတယ်...ရွှတ်.."

"ဟင်း...ညီရယ်...
ကိုယ်လာခဲ့ရမလားဟင်...ညီ့အိမ်ကို...
ညီအထိုးမခံရစေဘဲ ကိုယ်ကိုယ်တိုင်ပဲညီ့ဖေဖေရဲ့အထိုးကိုလာခံလိုက်မယ်..."

"မလာပါနဲ့ဦး ကိုနေ...
ဖေဖေက အရမ်းဒေါသထွက်နေတာ...
ကျွန်တော့်ကိုကျောင်းမတက်နဲ့တော့တဲ့..
ဖေဖေ့သူငယ်ချင်းသမီးနဲ့ပေးစားမယ်လည်း ပြောတယ်..."

"ဟာ....အဲ့လိုလုပ်လို့မရဘူးနော်...
ညီလည်း လက်မခံလိုက်နဲ့နော်...
ညီ့ကိုတကယ်လို့ အဲ့လိုပေးစားခဲ့ရင်...ကိုယ်လာခိုးမှာ..."

"အဟက်...ကိုနေကလည်း ရယ်စရာတွေပြောနေပြန်ပြီ..."

"ကိုယ်ရယ်စရာပြောနေတာ မဟုတ်ဘူး...
တကယ်ပြောနေတာ...ညီ့ကို တကယ်အဲ့လိုလုပ်ခဲ့ရင် ကိုယ်တက်လာခိုးမှာ...
ညီသာကိုယ့်နောက်ကိုလာဖို့ပြင်ထား..."

"ကိုနေ...တကယ်ပြောနေတာလား..."

"ကိုယ့်စကားတွေထဲမှာ..နောက်နေတဲ့စကား တစ်ခွန်းမှမပါဘူး ညီ..."

"အဟင်း...အင်းပါ...
ကိုနေသာတကယ်လာခိုးရင်...ကိုနေ့နောက်ကိုကျွန်တော်ရဲရဲကြီးလိုက်ခဲ့မှာ..."

"ချလောက်!"

"ကိုနေ...ဒါပဲနော်...
ကျွန်တော်အခန်းထဲမမဝင်လာလို့.." လို့ပြောလိုက်ပြီး..ဖုန်းချလိုက်ကာ..အခန်းထဲဝင်လာတဲ့မမကို လှည့်ကြည့်လိုက်တယ်...။

ဦးဆံုးမို႔ (completed)Where stories live. Discover now