Part-3(Uni)

6.7K 539 0
                                    

   ကျွန်တော်လည်းသူတို့နောက်ကနေလိုက်ပြီး တဖြည်းဖြည်းနဲ့ Practicalအခန်းရောက်တော့ ကျွန်တော်လည်း ယောက်ျားလေးအများစု ထိုင်နေတဲ့ နေရာမှာပဲ ဝင်ထိုင်လိုက်တယ်။
      
    မကြာမီ practical ဆရာမတွေ ဝင်လာပြီး ခုံနံပါတ်တွေ အစဉ်တိုင်း နေရာချပေးတယ်။ ဆရာမတွေ နေရာချပေးပြီးတော့ ခနပြန်ထွက်သွားတယ်။ ခနကြာတော့ တီချယ်တွေလည်းပြန်ဝင်လာပြီး ငါးယောက်တစ်ခါ roll call ထိုးခိုင်းတယ်။ ကျွန်တော့်တို့အလှည့်ရောက်တော့ ကျွန်တော်လည်း roll call ထိုးပြီး ကျွန်တော့်ခုံးမှာပြန်ထိုင်အချိန် ကျွန်တော့်ခြေထောက်ပေါ်ကို ထိုင်ခုံကျလာပြီး ကျွန်တော့ခြေထောက်နာတာကြောင့် သူ့ကိုပြန်ပြောလိုက်တော့ မျက်နှာကစပ်ဖြဲဖြဲနဲ့ ပြောပုံကလဲ ထောင့်မကျိုးဘူး။ နမော်နမဲ့ကလည်းနိုင်သေးတယ်။ ကျွန်တော်လဲသူ့ကိုဘာမှပြန်မပြောတာ့ဘဲ practicalစအုပ်ကိာသာ ပြန်ဖတ်နေလိုက်တယ်။

"ဟဲ့....ဟဲ့... ဟိုမှာ မေလေးကိုလေးနဲ့ ငါတို့ခွက်(crush)ကင်းကောင်နဲ့က ဘေးချင်းကပ်ရပ်ဟ
အံမယ်လေး.... ၂ယောက်လုံးထဲက ဘယ်သူ့ကိုဘူးလို့ဘူးရမှန်းတောင်မသိတော့ဘူးဟယ်" လို့ သက်ထွေးက ကိုလေးတို့ကိုကြည့်ပြိ်းပြောလာတယ်။

"အေးလေ ခုနတုန်းက နင်တို့ကို ပြောတဲ့ ကိုလေးခုံနံပါတ်ရှေ့ကလူဆိုတာ ကင်းကောင်ပေါ့"

"အေးဟယ် ၂ယောက်ထဲက ဘယ်သူ ရရဟယ်
ဟီးဟီး....."လို့ လင်းလက်ကပါဝင်ပြောလာတယ်။

"အေးအေး နင်တို့ ရှရင် ဘယ်လိုလုပ်မလဲ" ဆိုပြီးဘေးက သူငယ်ချင်းက ဝင်ပြောလာတော့

"မေလေး...နင့်ကိုလေးက အဖြောင့်ပါနော်
ဟုတ်တယ်မလား..." လို့ သက်ထွေးကမေးလာတယ်။

"အေးလေ ကိုလေးကအဖြောင့်ကြီး
အရင်က ကောင်မလေးတောင် ရှိဖူးတယ်
နင်တို့ကင်းကောင်ကသာ ဖြောင့်ချင်မှဖြောင့်မှာ ရည်းစားလဲမထားဘူးဆိုတော့ ရိုးမှရိုးပါ့မလား မသိဘူး"

"သိချင်ရင် နင့်လင်ကို နင်မေးကြည့်ပါလား"ဆိုပြီး လင်းလက်ကပါပြောလာတယ်။

"ဘာ နင့်လင်လဲ အဖြေတောင်မပေးရသေးဘူး"

"ဘာပဲဖြစ်ဖြစ်စ်ဟာ ရှလဲရှပစေ အရှခံပြီးဘူးဦးမယ်ဟာ"ဆိုပြီး သက်ထွေးက မျက်စောင်းထိုးနားကခုံမှာထိုင်နေတဲ့ ကိုလေးနဲ့ကင်းကောင်ကိုကြည့်ပြီး ပြောနေတယ်။ အဲ့အချိန် ကိုလေးကလည်းဒီဘက်ကိုလှည့်ကြည့်လာတော့ အံမယ် သူက ကိုလေးကိုသွားပြုံးပြနေသေးတယ်။ မနိုင်ဘူးဆိုပြီးခေါင်းသာရမ်းပြလိုက်တယ်။
   
        မေလေးနဲ့သူ့သူငယ်ချင်းတွေ စကားတွေပြောနေကြပြီးကျွန်တော်တို့ဘက်ကို ကြည့်နေသလို ခံစားရတာကြောင့် လှည့်ကြည့်လိုက်တော့ မေလေးသူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကိုပြုံးပြလာတာကြောင့် ကျွန်တော်လည်း ပြန်ပြုံးပြလိုက်ပြီး practicalစာအုပ်ကိုသာ ပြန်ဖတ်နေလိုက်တော့တယ်။

ဦးဆံုးမို႔ (completed)Onde histórias criam vida. Descubra agora