Ringing....Ringing....
"Hello!..ထွန်းကိုပြော..."
"ကိုသု...တွေ့ပြီးပြီလား..."
"ဟင်...ဘာကိုလဲ?..."
"ဟာ...ကိုသုကလည်း...
facebookဖွင့်မကြည့်ရသေးဘူးလား...""အင်း...အခုမှအောက်ထပ်ကနေ တက်လာတာ..."
"ဟင်...အခု၉နာရီတောင် ထိုးနေပြီလေ...
ထမင်းက အခုမှစားကြတာလား..""မဟုတ်ပါဘူး...
တည်တံ့စာမေးပွဲအောင်တာနဲ့ ဝါဆိုသင်္ကန်းကပ်နဲ့ တစ်ခါတည်းပေါင်းလုပ်မယ်ဆိုပြီး...မိသားစုတွေတိုင်ပင်နေကြတာ...
ကိုကြီးတို့လည်းရောက်လာလို့လေ...""သြော်...ကိုသု ညီလေးက ဒီနှစ်အောင်တာလား..."
"ဟုတ်တယ်...4Dနဲ့..."
"ဟုတ်လား...အိမ်က ညီမလေးလည်း...4Dနဲ့ပဲ..."
"သြော်...ဟုတ်လား..."
"အင်း...
သြော်...ပြောနေတာတောင် မေ့သွားတယ်...
အာ...ကိုသု facebookဖွင့်ကြည့်လိုက်ပါဦး..""ဘာတင်ထားလို့လဲ?..."
"relationship statusလေ...ကိုသုကလည်း..."
"အာ...ဟုတ်သားပဲ..."
"ဟုတ်သားပဲလုပ်မနေနဲ့..ကိုသုရောတင်..."
"အင်းအင်း...အခုတင်လိုက်မယ်နော်..."
"အင်းအင်း...ချစ်တယ်နော်..."
"ငါရောပဲ..."
"No!..No!..အဲ့လိုမရဘူးလေ.."
"အဟက်...ငါလည်း မင်းကိုချစ်တယ်လို့..." လို့ပြောလိုက်ပြီး..ထွန်းကိုရဲ့ဖုန်းကိုချကာ..facebookကိုဖွင့်လိုက်တယ်...
facebookဖွင့်ဖွင့်ချင်းတက်လာတာက..ထွန်းကိုရဲ့ relationship status...
၂ယောက်တွဲပြီးတင်ထားတာမဟုတ်ပေမဲ့..ဒီလောက်ဆို ထွန်းကိုမှာရည်းစားရှိတယ်ဆိုတာ..အကုန်လုံးသိလောက်ပြီ ထင်ပါတယ်...ကျွန်တော်လည်း အသဲပေးလိုက်ပြီး..comment ထဲဝင်ကြည့်တော့...ညီလင်းတို့ပြည့်စုံတို့ရော..တစ်တန်းလုံးကယောက်ျားလေးတွေတော်တော်များ congratsလုပ်ထားတာတွေ့ရတယ်...။
ကျွန်တော်လည်း..အမြန်relationship status တင်ပြီး..ဖုန်းပိတ်ကာ အိပ်လိုက်တယ်..။ ရှက်လွန်းလို့ ခေါင်းအုံးနဲ့မျက်နှာအုပ်လိုက်ပြီး..ကုတင်ပေါ်မှာ ဟိုဘက်လှိမ့်လိုက်..ဒီဘက်လှိမ့်လိုက်လုပ်နေလိုက်တယ်..။ ဒီညတော့ အိပ်ပျော်ပါ့မလား..။
YOU ARE READING
ဦးဆုံးမို့ (completed)
Romanceခင်ဗျားသည်သာလျှင်ကျွန်တော့်ရဲ့ဦးဆုံးမို့ ခင်ဗျားရဲ့အချစ်တွေအကုန်လုံးကျွန်တော့်အတွက်ပဲဖြစ်ပေးပါ