"မနက်ဖြန်ဆို..ကျောင်းသင်္ကြန်တောင်ရောက်ပြီ..."
ကျွန်တော်တို့၅ယောက် အတန်းချိန်ပြီးလို့ ကန်တင်းမှာစားသောက်သောက်ရင်း...စကားစလာတဲ့သူက ပြည့်စုံ...
"အေးလေ...စာမေးပွဲလည်း ဖြေခါနီးပြီ..."
"ဟာ...သုတ...ကျောင်းသင်္ကြန်မှာ ပျော်ရမယ့်ငါစိတ်လေးကို...မင်းမဖျက်စီးချင်ပါနဲ့..."
"ဘာကိုပျော်မှာလဲ?...အရက်ထပ်သောက်လို့ကတော့...ခင်ဗျားနဲ့ကျွန်တော်..."
"တော်ပါပြီ..မသောက်တော့ပါဘူး...
ညီနဲ့တူတူသွားပြီး မုန့်သွားစားမယ်လေနော်...""ကိုသုရော သွားမှာလား..."
"သုတလား...သွားမှာ...
လူရှုတ်ရှုတ်နဲ့ မူးပြီးအန်ထွက်လာမှာ...""ဟုတ်တယ်...ငါက လူတွေအများကြီးနဲ့မနေတတ်ဘူး...
ထွန်းကို သွားချင်သွားပေါ့...""ကျောင်းတော့လာမှာမလား...."
"လာမယ်လေ..."
"အင်း...ပြီးရော..."
"ငါကတော့ မနက်ဖြန် သွားကဲမှာ..."
"မေနှင်းစု ခွင့်ပြုချက်ရလို့လား..."
"မေလေးနဲ့အတူတူသွားမှာ...
မနက်ဖြန်အဆိုတော်တွေလည်းလာမှာဆိုတော့...မေလေးက သွားကြည့်ချင်တယ်တဲ့...
အဲ့တော့ ငါကလိုက်စောင့်ရှောက်ရမှာ...""သြော်...မင်းက အစောင့်အရှောက်အနေနဲ့ သွားမှာကို..." ဆိုပြီး ညီလင်းကပါ ဝင်ပြောတယ်...
"ဘယ်လိုပဲသွားသွား...
မင်းသာ မင်းလင်ကို မနက်ဖြန်ဘယ်လိုနိုင်အောင်ထိန်းရမလဲ စဉ်းစားထား...""ဟာ....ပြည့်စုံ...ငါက မနက်ဖြန်ညီ့စကားနားထောင်ပြီး အေးအေးဆေးဆေးနေမှာကွ..."
"ဟား..ဟား...ကျွန်တော်ကတော့ ကိုနေဝန်းကိုအထင်ကြီးလိုက်ရတာ...ကိုနေဝန်းက မယားကြောက်ပဲ..."
"ကြောက်တာမဟုတ်ဘူး ချစ်တာကွ...
မင်းလည်း ရည်းစားမရှိတာကြလို့...""တော်ကြပါတော့...မယားကြောက်၂ယောက်လုံးရယ်..."
"အံမယ်..အရူးကတမူးသာလို့...
တေဇထွန်းကို မင်းကရော ဘာထူးလို့လဲ?...
ကိုသု ကိုသုနဲ့ ဖင်တုန်အောင်ကြောက်နေပြီးတော့..."
YOU ARE READING
ဦးဆုံးမို့ (completed)
Romanceခင်ဗျားသည်သာလျှင်ကျွန်တော့်ရဲ့ဦးဆုံးမို့ ခင်ဗျားရဲ့အချစ်တွေအကုန်လုံးကျွန်တော့်အတွက်ပဲဖြစ်ပေးပါ