Part-14

2.4K 218 2
                                    

   ဆောင်းတွင်းရောက်လာပြီ ဖြစ်တာကြောင့်...ပဲခူးဆောင်းက...မနက်ခင်းမှာ အေးသလောက်...နေ့ခင်းဆို တော်တော်ပူပါသည်..။ ဒီနေ့လည်း...အတန်းချိန်က  ၁၀နာရီမှ ရှိတာကြောင့်...ကျွန်တော်စောစောရောက်နေပါသည်..။ ၉နာရီဆိုတဲ့အချိန်က တော်တော်လေး ပူနေပါပြီ..။

ကျွန်တော်လည်း ဘေးကနံရံကို မှီထားပြီး..ဖုန်းထိုင်သုံးနေလိုက်တယ်...။ အနောက်မှာတော့...ပြည့်စုံပဲရောက်သေးတယ်..ညီလင်းက သွားနှင့်ဆိုလို့...ကျွန်တော်နဲ့ပြည့်စုံ၂ယောက်ပဲထွက်လာခဲ့တယ်..။

၁၅မိနစ်လောက်ကြာတော့..ပုံမှန်အတိုင်း..အပေါ်က လည်ကတုံး အပြာရောင်နဲ့...ပုဆိုးအပြာအကွက်စိပ်ကို..ဝတ်လာတဲ့ကိုသု အထဲကိုဝင်လာတယ်...။ လည်ကတုံးအင်္ကျီရော ပုဆိုးတွေကိုရော..ကိုသုမေမေက အရောင်စုံ ဝယ်ပေးထားတာ ဖြစ်မယ်...။လက်ထဲမှာလည်း...အထုတ်တစ်ထုတ်ကိုင်လာတာ တွေ့ရတယ်...။

အတန်းထဲမှာ..လူတွေတော့..သိပ်မစုံသေးပါဘူး...အနည်းငယ်သာပဲ ရှိတယ်...။ ကိုသုလည်း...အတန်းဆီကို လျှောက်လာတာကြောင့်...ကျွန်တော်လည်း နေရာဖယ်ပေးလိုက်ပြီး...

"ကိုသု လက်ထဲကဘာတွေလဲ?.."

"ဒီနေ့ trainingစပြီလေ...
အဲ့တာကြောင့်...ဝတ်စုံယူလာတာ..."

"သြော်.....trainingက ဘယ်နှနာရီစမှာလဲ?.."

"နေ့လည်လောက်မှ...စမယ်ထင်တယ်...
ခန့်ညား လာခေါ်မယ်တဲ့..."

"ခန့်ညား...ကြားဖူးသလိုပဲ အဲ့နာမည်..."

"ငါ့တို့မေဂျာရဲ့ ဘော်လီဘောအသင်းရဲ့ ခေါင်းဆောင်လေ..." လို့ ပြည့်စုံက ဝင်ပြောတယ်..

"ဟုတ်လား...ငါက ရိုးရိုးအသင်းသားပဲထင်နေတာ..."

"ကိုသုက...သူ့ကို မသိဘူးလား..."

"ဟိုတစ်နေ့က မြတ်မင်း(ကိုသုကို ဘော်လီဘော ကစားဖို့ စာရင်းရေးသွားတဲ့သူ) တို့ခေါ်လို့ သွားတုန်းက တွေ့ဖူးပါတယ်...
ငါ့ကိုစကားတော့လာပြောတယ်...ခေါင်းဆောင်မှန်းတော့ မသိဘူး...
ညက သူဖုန်းဆက်တာပဲ...trainingဆင်းရင် သူလာခေါ်မယ်ဆိုပြီးတော့..."

"ကိုသု ဖုန်းနံပါတ်ကို...သူက ဘယ်ကရလဲ?.."

"အဲ့တာက...အဲ့ဒီ့တွေ့တဲ့နေ့ထဲက ဖုန်းနံပါတ် ပေးခဲ့ရတာလေ..."

ဦးဆုံးမို့ (completed)Where stories live. Discover now