အခုဆိုကျောင်းပိတ်ပြီးလို့...second semတောင်တက်နေရပြီ...မိုးရာသီဆိုတော့ စိုစိုစွတ်စွတ်နဲ့ တက်ရတာ...တစ်မျိုးတော့တစ်မျိုးလေးပါပဲ..။ အရင်က မိုးရာသီကိုမကြိုက်ခဲ့ဘူး..အခုတော့ကြိုက်နေပြီ..ဘာလို့ဆို..practicalသွားရင်ပဲဖြစ်ဖြစ် ကန်တင်းသွားရင်ပဲဖြစ်ဖြစ်..ဘယ်သွားသွားကိုသုနဲ့အတူတူထီးတစ်ချောင်းထဲ အတူတူစောင်းပြီးသွားရတာမို့လို့ပဲ...။
ပြန်ရင်လည်း..ကိုသုကအနောက်ကနေ ချမ်းလို့ဆိုပြီး..ကျွန်တော့်ကိုဖက်ထားတယ်..။ မိုးရွာနေတာဆိုတော့..မိုးကာစောင်းပြီး ဖက်ထားတဲ့ ကျွန်တော်တို့၂ယောက်ကို လူတွေအဲ့လောက်ဂရုတစိုက် လိုက်ကြည့်ကြမှာမဟုတ်ဘူး...။
အခုလည်း..စာသင်နေရင်း မိုးရွာနေတာမို့..ကျွန်တော့်ဘေးက အနွေးထည်မပါတဲ့ကိုသုက..အတော်လေးချမ်းချေပြီ...
မိုးရွာလို့ချမ်းနေတာတောင်..အရှေ့နားကတံခါးကို မပိတ်ဘဲ..ဖွင့်ထားလိုက်သေးတယ်...
ပြောလို့လည်းမရဘူး...ကျောပိုးအိတ်ကိုဖက်ထားပြီး...နွေးအောင်လုပ်နေတယ်...ကျွန်တော့်မှာတော့..ကိုသုကိုကြည့်လိုက် ဆရာမစာရှင်းပြနေတာကို နားထောင်လိုက်နဲ့...ဟိုလှည့်ဒီလှည့်လုပ်နေရတယ်..။
စာသင်ချိန်ပြီးသွားလို့...ဆရာမထွက်သွားတော့မှ...ကိုသုဘက်ကိုလှည့်ပြီး...
"အေးနေပြီမလား...တံခါးပိတ်လိုက်လေ..."
"မပိတ်ချင်ပါဘူး...ပူလို့..."
"ဟမ်...."
ပြောပုံက ပူလို့တဲ့..ပူမှာပေါ့ လွယ်အိတ်ကိုပိုက်ထားတာကို...
"ဟုတ်တယ်...ပူလိုက်တာ..."
"ကိုသု ကျွန်တော့်ကိုရွဲ့နေတာလား..."
"မဟုတ်ပါဘူး..."
"ပူတယ်ဆို..ဘာလို့လွယ်အိတ်ပိုက်ထားသေးလဲ?..."
"အဲ့တာက...ပိုက်ချင်လို့ပိုက်ထားတာ..."
"ချမ်းရင်ချမ်းတယ်ပေါ့..."
"ဟုတ်တယ်...ချမ်းတယ်..
ဒါပေမဲ့...တံခါးမပိတ်ချင်ဘူး..မိုးစက်တွေကိုကြည့်ချင်လို့...""အရေးထဲ ကဗျာကလာဆန်နေသေးတယ်..
ရော့...ကျွန်တော့်အင်္ကျီဝတ်ထား..
နေတော့ တံခါးနားမှာ...
အနွေးထည်ကျတော့ မဝတ်ခဲ့ဘူး...ဟင်းဟင်း..." ဆိုပြီး ထွန်းကိုက...သူ့အပေါ်ထပ်အင်္ကျီကို ချွတ်ပေးပြီး..ကျွန်တော့်ကိုပေးကာ...ပြောလာတယ်..
YOU ARE READING
ဦးဆုံးမို့ (completed)
Romanceခင်ဗျားသည်သာလျှင်ကျွန်တော့်ရဲ့ဦးဆုံးမို့ ခင်ဗျားရဲ့အချစ်တွေအကုန်လုံးကျွန်တော့်အတွက်ပဲဖြစ်ပေးပါ