Part-27(Uni)

4.7K 260 12
                                    

းတာတောင်မသိဘူးလား...
ဟိုဟာလေကွာ..."

"အင်း...သိပြီ သိပြီ...
အဲ့တာကို ငါက ဘယ်လိုလုပ်ရမှာလဲ?..."

"လွယ်ပါတယ်ကွာ...သူနဲ့အရက်တူတူသောက်ပြီး ရဲဆေးတင်လိုက်...
ပြီးရင် သိမ်းလိုက်ပေါ့....မင်းကလည်း..."

"အဲ့လိုဆို...ထွန်းကိုက ငါ့ကိုစိတ်ဆိုးမှာပေါ့..."

"မဆိုးပါဘူးကွာ...မင်းကိုစိတ်ချလို့တို့
ဘာညာပြောလိုက်ပေါ့ကွာ...မင်းကလည်း..."

"အင်းအင်း..."

"သြော်....နေဦး...
မင်းကိုသိမ်းခိုင်းတာနော်...အသိမ်းခံခိုင်းတာ မဟုတ်ဘူး..."

"ဘာကွာလို့လဲ?..."

"ဒီငတုံးကတော့...
သိမ်းတယ်ဆိုတာက မင်းကသိမ်းလိုက်တဲ့အတွက် သူကနောက်ထပ် ထပ်ရှုပ်လို့မရတော့ဘူးပေါ့...အဲ့တော့ မင်းက ယောက်ျားနေရာယူပြီး သိမ်းလိုက် ကြားလား...ကြားလားလို့..."

*ကျွန်တော်ပြောသမျှကို...ခေါင်းညိတ်ပြီး နားထောင်နေတဲ့ သုတကို..ခပ်ဆက်ဆက်လေး ပြောလိုက်မှ နားဝင်တယ်...။ ဒီငတုံးနှဲ့ သင်ပေးနေရတယ်...မဟုတ်ရင် ဟိုက ဆွဲစားတာခံရမှာ..*

"ကြားပါတယ်ကွာ..."

"ကြားရင်လည်းပြန်ပြောလေ...
မင်းမလုပ်တတ်ရင် ငါ့ဖုန်းထဲမှာရှိတယ်...ကူးမလား..."

"ရ...ရပါတယ်ကွာ...ငါသိပါတယ်..."

"ပြီးရော...
တကယ်လုပ်နော်...မဟုတ်ရင် မင်းဟိုတစ်ယောက်လိုခံရဦးမယ်.."

"ထွန်းကိုနဲ့ သူ့ကိုမနှိုင်းနဲ့..."

"အေးပါကွာ..."

*ဘာပဲဖြစ်ဖြစ်...သုတ အပေါ်ရောက်ဖို့က အရေးကြီးတယ်...။ တေဇထွန်းကိုရာ...မင်းအတွက်တော့ ငါစိတ်မကောင်းပါဘူး...ဟဲဟဲ..."

......................

"တီတီ!...တီတီ!.."

"မေမေ...ကျွန်တော်သွားတော့မယ်နော်...
ထွန်းကိုရောက်နေပြီ..."

"အေးအေး...ဆိုင်ကယ်ကိုသေချာမောင်းသွာနော်...
ဟိုရောက်ရင် ဂရုစိုက်နေဦး..."

"ဟုတ်ကဲ့..မေမေ.."

ထွက်လာပါပြီ...ပုဆိုးအကွက်စိပ်နဲ့...ရှပ်လက်ရှည်အဖြူနဲ့အောက်ခံအဖြူကို တွဲဝတ်ထားကာ..ကျောပိုးအိတ်ကိုလွယ်ပြီး ကျွန်တော့်နားကိုလျှောက်လာတဲ့ ကိုသု...

ဦးဆံုးမို႔ (completed)Donde viven las historias. Descúbrelo ahora