Part-7(Uni)

5.1K 464 5
                                    

Ringing......

"Hello!"

"Hello! ကိုသု..."

"အင်း"

"ဟင်....အသံကြီးကလည်း ...
ကိုသု အိပ်နေပြီလား..."

"အင်း....ဟုတ်တယ်...
ထွန်းကို...ဘာပြောစရာရှိလို့လဲ....
မြန်မြန်ပြော....ငါ အိပ်ချင်နေပြီ"

"၉နာရီပဲ...ရှိသေးတာကို...
အစောကြီးအိပ်နေတာလား...."

"အင်း....
ဒါပုံမှန်အိပ်ချိန်ပဲ...."

"ဘာမှမဟုတ်ဘူး...ဆက်ချင်လို့ဆက်လိုက်တာ....
အင်းပါ....အဲ့တာဆိုလဲ...ပြန်အိပ်တော့...
Good night နော်...."

"အင်း...မင်းလည်းအိပ်တော့...
မနက် ၈နာရီ...practical ရှ်ိတယ်နော်....
မနက်ဖြန်နောက်မကျစေနဲ့နော်...စောစောအိပ်..
ဒါဆို..ငါဖုန်းချလိုက်ပြီနော်...
Good night..."  လို့...ပြောလိုက်ကာ...ဖုန်းချလ်ိုက်ပြီး...

"ခွေးကောင်လေး....လူကို...ဘာမှလဲမပြောဘဲ...ဖုန်းဆက်ပြီးတော့...
ဝှား...လူကို အိပ်ချင်ပြေအောင်...လုပ်သွားတယ်..."

ဆက်အိပ်လို့လဲ မရတော့တာကြောင့်....ရေဆာသလိုရှိနေတာနဲ့...ဘေးက စားပွဲခုံပေါ်က...ရေဘူးကို လှမ်းယူလိုက်တော့...ရေဘူးက ကုန်နေတာကြောင့်...အောက်ထပ်ကို...ဆင်းပြီး...
မီးဖိုဆောင်အခန်းက..ရေခဲသေတ္တာထဲက..ရေဘူးကိုယူလိုက်ကာ...သောက်လိုက်ပြီး...နောက်ထပ်တစ်ဘူးကို ယူကာ...အပေါ်ကို တက်မယ်လုပ်တော့....

"သြော်..ကိုလေး..ရေဆင်းသောက်တာလား.."

"အေး...
မင်းရော...မအိပ်သေးဘူးလား..."

"ဟုတ်...ကျွန်တော် စာကျက်စရာရှိသေးလို့..."

"အေး...အခုရော ဘာဆင်းလုပ်တာလဲ?"

"မေမေက...အိပ်ချင်ရင်...ရေခဲသေတ္တာထဲမှာ...အသီးတွေရှိတယ်...အိပ်ချင်ပြေ တစ်ခုခုယူစားလိုက်လို့...ပြောလို့...အဲ့တာ အိပ်ချင်လာတာနဲ့...အောက်ဆင်းလာတာ...."

"သြော်...အင်း...
သိပ်နောက်မကျစေနဲ့...စောစောအိပ်"

"ဟုတ်"

*ကျွန်တော့်မှာ....အစ်ကို၂ယောက်နဲ့ ညီ၁ယောက်ရှိတယ်။ဖေဖေက ဆရာဝန်...မေမေကတော့ ဈေးထဲမှာ...ရွှေဆိုင်ဖွင့်ထားတယ်။ ဖေဖေ့နာမည်က 'ဦးလင်းအောင်'....မေမေ့နာမည်က
'ဒေါ်မြနှင်း'
အရင်က..ကျွန်တော်တို့အိမ်မှာ...မိသားစု၆ယောက်ရှိပြီး...

ဦးဆံုးမို႔ (completed)Where stories live. Discover now