နေ့လယ်၂နာရီထိုးတော့...ကျွန်တော်တို့အတန်းချိန်တွေလည်း...အကုန်ပြီးသွားပြီမို့..ပြည့်စုံနဲ့အတူ ကိုသုကို...သွားခေါ်လိုက်တယ်..။
ကိုသုတို့ ကစားနေတဲ့နေရာရောက်တော့...ပြီးသွားပြီထင်တယ်..တစ်ယောက်မှတော့ ကစားတာမတွေ့ဘူး..။ အကုန်လုံး၃ထပ်ဆောင်အောက်က...လှေကားမှာ ထိုင်နေကြပြီး...စကားတွေပြောနေကြတယ်..။
ကိုသုကိုလိုက်ရှာကြည့်တော့..အဆောင်ရှေ့နားက သမံတလင်းမှာ...ခန့်ညားနဲ့အတူ ထိုင်နေပြီး စကားပြောနေတာ..တွေ့ရတယ်..။ ကိုသုက သမံတလင်းပေါ်မှာတော့..ထိုင်တယ်လား...။
ကျွန်တော်တို့လည်း...ကိုသုတို့အနားလျှောက်လာလိုက်တယ်..။ ကျွန်တော်တို့လည်း မြင်ရော...ခန့်ညားက...
"တေဇထွန်းကိုတို့ပါလား..."
"အင်း...
ကိုသု မပြန်သေးဘူးလား..""အခုပဲ ပြန်မှာ...သွားရအောင်လေ.." ဆိုပြီး...အလျင်စလို ထိုင်နေရာမှ ထကာ...ပြောလာတယ်...
ကိုသုလည်းထလိုက်ရော...ဖင်မှာ တစ်ရှူးတွေကပ်နေတယ်...။ ကြည့်ရတာ အောက်ကခင်းထိုင်ထားတာ ဖြစ်မယ်..။ အဲ့တာကြောင့်..ကိုသုက သမံတလင်းပေါ်မှာတော့..မထိုင်ချလောက်ပါဘူးလို့...
အခုလည်း..ဖင်မှာကပ်နေတဲ့တစ်ရှူးတွေကို..နောက်ပြန်ယူနေတယ်..။ တစ်ရှူးတွေကလည်း...တစ်ထုပ်လုံးတောင် ခင်းထိုင်ထားသလား..အောက်မေ့ရတယ်...အများကြီးပဲ..."သုတ...ငါယူပေးရမလား.."
"မရဘူး!...အဟမ်း..
ကျွန်တော်ယူပေးမယ် ကိုသုကို.."*ဒါ...ဒီကောင် သက်သက်ညဏ်ဆင်တာ...ကိုသုဟိုနင်းကို ကိုင်ချင်လို့..*
ကျွန်တော်လည်း...တီရှူးတွေကို ယူခိုက်ပြီး...လုံးလိုက်ကာ..
"ပြီးပြီ ကိုသု...ပြန်မယ်လေ..."
"အင်း...သွားမယ်..
ခန့်ညား ငါတို့ပြန်ပြီနော်..." ဆိုပြီး...မဖက်စဖူး ကျွန်တော်ပခုံးကို...ကိုသုကဖက်ကာ..ခန့်ညားရှေ့ကလျှောက်လိုက်တယ်...။ ပြည့်စုံကတော့ ကျွန်တော်တို့ဘေးကနေပဲ..လျှောက်လာတယ်..စကားတစ်ခွန်းမှမပြောလို့..လှည့်ကြည့်လိုက်တော့..သူကလမ်းသွားရင်chatနေသေးတယ်..။
YOU ARE READING
ဦးဆုံးမို့ (completed)
Romanceခင်ဗျားသည်သာလျှင်ကျွန်တော့်ရဲ့ဦးဆုံးမို့ ခင်ဗျားရဲ့အချစ်တွေအကုန်လုံးကျွန်တော့်အတွက်ပဲဖြစ်ပေးပါ