"Hello ဟျောင့် မလာသေးဘူးလား praticalချိန်နီးနေပြီနော်"
"အေး ရောက်တော့မယ် mainဆောင်ရှေ့ရောက်နေပြီ မင်းတို့ခုံနံပါတ်ကြည့်ပြီးပြီလား"
"ကြည့်ပြီးပြီ ငါတို့၃ယောက်က ခုံနံပါတ်အစဉ်လိုက်ပဲ မင်းလိုက်ခဲ့လိုက်တော့ငါတို့ဝင်နှင့်တော့မယ်"
"ဟာ ဟျောင့် ငါ့ကိုစောင့်ပါဦး"ဆိုတာကိုပြောချိန်မရလိုက်ဘူး ဖုန်းချသွားသော နှမပေး၂ယောက်အားကျိန်ဆဲရင်း ကျွန်တော်တို့ practical လုပ်အဆောင်သို့ရောက်အောင် ခြေလှမ်းကိုခပ်မြန်မြန်လှမ်းရတော့သည်။
အဆောင်က၃ထပ်ဆောင်ဖြစ်ပြီးကျွန်တော်တို့က၂ထပ်မြောက်မှာလုပ်ရသည့်အတွက်လှေကားကထပ်တက်ရပြန်သည်။
"ဟူး မောလိုက်တာ"ဟုပြောရင်း အိပ်ယာထနောက်ကျသည့်ကိုယ့်ကိုယ်ကိုသာအပြစ်တင်မိသည်။
practicalလုပ်ရာအခန်းသို့မရောက်သေးသည့်အတွက်ထပ်လျှောက်ရပြန်သည်။ တွေ့တွေ့ချင်းအခန်းကိုလှမ်းကြည့်လိုက်ရာ ကျွန်တော်သူငယ်ချင်းများကိုမတွေ့သည့်အတွက် နောက်တစ်ခန်းရောက်သည့်အခါ ကျွန်တော့်သူငယ်ချင်းများက လက်လှမ်းပြတော့ လွယ်အိတ်ကိုချွတ်ပြီးခုံပေါ်တင်ကာ practicalစာအုပ်ကိုယူကာ ကျွန်တော်သူငယ်ချင်း၂ယောက်ကိုဘယ်နေရာလဲဟု မေးဆတ်ပြလိုက်တော့ သူတို့၂ယောက်၏ဘေးကို လက်ယက်ခေါ်ကာ ဘေးမှာဝင်ထိုင်စေသည်။"ဟူးးး အခုမှပဲ အမောဖြေရတော့တယ်" ဟုဆိုရင်း ပါလာတဲ့စာအုပ်နဲ့ ယပ်ခပ်သလိုခပ်လိုက်တော့တယ်။
"မင်းကလည်းကွာ နောက်ကျလိုက်တာ"ဟူသောကျွန်တော်သူငယ်ချင်းများ၏အပြောကို ပြန်ပြောဖို့ ပြင်နေတဲ့အချိန်မှာပဲ practicalဆရာမ ဝင်းလာသောကြောင့် ပြန်မပြောတော့ဘဲ ဆရာမကိုနှုတ်ဆက်ပြီး ပြန်ထိုင်ကာ ကိုယ် roll call ထိုးရမယ့် အလှည့်ကိုသာစောင့်နေလိုက်တော့သည်။
Teacher က ၅ယောက်တစ်ခါ ခေါ်ထိုးစေပြီး ကျွန်တော်roll call ထိုးရမည့်အလှည့်ရောက်တော့ roll call ထိုးပြီးအပြန် ကိုယ့်နေရာကိုယ်ပြန်ထိုင်ဖို့လာတော့
"အ မင်းဘယ်လိုလုပ်နေတာလဲ"
"ဟမ် ဘာလုပ်လို့လဲ"
DU LIEST GERADE
ဦးဆုံးမို့ (completed)
Romantikခင်ဗျားသည်သာလျှင်ကျွန်တော့်ရဲ့ဦးဆုံးမို့ ခင်ဗျားရဲ့အချစ်တွေအကုန်လုံးကျွန်တော့်အတွက်ပဲဖြစ်ပေးပါ