အခန်းထဲကုတင်ပေါ်မှာ...လှဲနေလိုက်ရင်း..တွေးမိလိုက်သည်က...
"ဟင်...မနက်ဖြန် စနေနေ့ပါလား..."
အရင်တုန်းက...ကျောင်းပိတ်ရက်တွေဆို အရမ်းပျော်တာ...အခု မပျော်ဘူး...ပျင်းသလိုပဲ...
ဟိုကောင်တွေနဲ့ရုပ်ရှင်သွားကြည့်ရင်ကောင်းမလား..."အာ...ဟုတ်တယ်...ကိုသုကိုပါ ခေါ်ရမယ်..."
ဆိုပြီး..ဖုန်းကိုလှမ်းယူလိုက်ကာ...ကိုသုဆီ ဖုန်ခေါ်လိုက်တယ်....Ringing....
"Hello!...ကိုသု.."
"အင်း..."
"မနက်ဖြန်အားလား...."
"ဘာဖြစ်လို့လဲ..."
"မနက်ဖြန် ရုပ်ရှင်သွားကြည့်ချင်လို့..."
"ညီလင်းတို့ပြည့်စုံတို့နဲ့ သွားလေ..."
"အင်းလေ..သူတို့ပါ လိုက်မှာ...
ကိုသုပါ လိုက်ခဲ့လေနော်...နော်...""အင်းပါ...သွားမယ်လေ...
ငါလည်း မကြည့်တာကြာပြီ...""ကျွန်တော်လာခေါ်ရမလား...ကိုသု ကို...
လမ်းလည်း ကြုံတာပဲလေ...""အဲ့တာဆို...လမ်းထိပ်မှာ စောင့်နေလေ...
ငါလာခဲ့မယ်...""ဟုတ်...အဲ့တာဆို ၁၀နာရီလောက်...ကျွန်တော် ကိုသုတို့လမ်းထိပ်မှာ စောင့်နေမယ်...."
"အင်းအင်း...
အဲ့တာဆို...ငါဖုန်းချလိုက်တော့မယ်နော်...
Good night ""ဟုတ်...
ကိုသုလည်း...Good night နော်...""အင်း.." လို့ ပြန်ဖြေပြီး...ဖုန်းချသွားတဲ့..ကိုသု
ကျွန်တော်လည်း...ကိုသုနဲ့ဖုန်းပြောပြီး...ပြည့်စုံကိုပါ...messenger ကနေ ပြောလိုက်တော့...ပြည့်စုံလည်း...လိုက်မယ်တဲ့.....
ညီလင်းကို...ဖုန်းဆက်လိုက်တော့...ချက်ချင်းကိုင်လာတယ်...
"Hello! ညီလင်း..."
"အေး...ပြော..."
"မနက်ဖြန် ရုပ်ရှင်သွားကြည့်မို့...လိုက်ခဲ့..."
"မနက်ဖြန်လား..."
"အေး...."
"သွားမယ်...သွားမယ်..."
"ဖြေးဖြေးပြောပါကွာ...
အဲ့တာဆို...၁၀နာရီလောက်ထွက်ခဲ့...
လိပ်ပြာကန်မှာ...ဆုံကြမယ်..."
YOU ARE READING
ဦးဆုံးမို့ (completed)
Romanceခင်ဗျားသည်သာလျှင်ကျွန်တော့်ရဲ့ဦးဆုံးမို့ ခင်ဗျားရဲ့အချစ်တွေအကုန်လုံးကျွန်တော့်အတွက်ပဲဖြစ်ပေးပါ