ရုပ်ရှင်သာ ကြည့်နေရတာ...ဘယ်နားရောက်လို့ရောက်မှန်းမသိ...ကိုလင်းကလည်း...ရွာကနေမြို့ကိုလာတာက...သူ့ကောင်မလေးနဲ့ လာတွေ့တာတဲ့...။ ကိုလင်းဆိုတာကလည်း...ဝမ်းကွဲအစ်ကို...။
သူ့ကောင်မလေးအကိုတွေက...သူတို့ကိုသဘောမတူလို့...ဒီနေ့ရုပ်ရှင်ကြည့်မယ်ဆိုပြီး ခိုးတွေ့တာ..အပြင်မှာခနစောင့်ပေးပါဆိုလို့..စောင့်နေပေးရသေးတယ်...။
တော်တော်ကြာကြာစောင့်နေတဲ့အထိ မလာလို့...ဖုန်းဆက်ကြည့်လိုက်တော့...မလာဖြစ်တော့ဘူးလို့ မက်ဆေ့ပြန်ပို့လာတယ်..။ သူလည်းကျွန်တော်နဲ့အတူတူကြည့်မယ်ဆိုပြီး...ကျွန်တော့်ဘေးမှာပဲ ဝင်ထိုင်တယ်...။
ဒီဘက်ဘေးမှာတော့...ကိုနေ
ဘယ်လိုရောက်နေလဲမသိဘူး...ဘယ်လိုသိပြီးလိုက်လာခဲ့လဲမသိဘူး...။### ကျွန်တော်ကတော့ သူနဲ့မလိုက်ရဘူးဆိုပြီး...သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ်ဆိုပြီး တွေးထားတာ..ဆိုင်ကယ်ကလည်းမနက်ကျမှ ပျက်လို့...ပြည့်စုံရဲ့ scooopy နောက်ကနေ..ကျဉ်းကျဉ်းကြုတ်ကြုတ် လိုက်ခဲ့ရတယ်..။
လိပ်ပြာကန်ရောက်လို့..တေဇတို့ကိုစောင့်နေရင်း...ကျွန်တော်တို့ဆိုင်ကယ်ဘေး လာရပ်တဲ့ ဆိုင်ကယ်တစ်စီး...မြင်ဖူးပါတယ်ဆိုပြီး ကြည့်နေတာ...ဆိုင်ကယ်ဦးထုပ်ချွတ်လိုက်မှ...ကိုနေ
ကိုသုတနဲ့..လိုက်လာတာတဲ့...။icon ရောက်တော့လည်း...ဘယ်လာက်တောင်ရည်းစားများလဲဆိုတော.့..တွေ့တဲ့နေရာတိုင်းမှာ...သူ့exတွေချည်းပဲ...။ ရည်းစားဟောင်းတွေနဲ့...သူငယ်ချင်းလို ပြန်ပြောစရာမှ မလိုတာ..
ဘာတဲ့...သူက ချမ်းလို့တောင် ခေါ်လိုက်သေးတယ်...။ တော်တော်ရှုပ်တဲ့လူ...စကားကိုမပြောချင်ဘူး...။အဲ့တာကြောင့်...တမင်ကိုလင်းနဲ့ စကားသွားပြောနေတာ...။ ###ရုပ်ရှင်ရုံထဲရောက်တော့လည်း...ကျွန်တော့်ဘေးက ကိုနေ ဆိုတာ တကယ်မသိခဲ့ဘူး...။ကိုနေမှန်းသိလို့ ကိုလင်းနဲ့နေရာလဲမယ်ဆိုပြီး...ထရပ်လိုက်တော့ ပြန်ထိုင်ခိုင်းတယ်...။ မထိုင်ရင်အကုန်လုံးရှေ့မှာ ဖက်နမ်းမယ်တဲ့...ဘယ်လောက်တောင် ယုတ်မာသလဲဆို...အမြဲ အဲ့အတိုင်းပဲ...လူကို ခြိမ်းခြောက်တယ်..။
YOU ARE READING
ဦးဆုံးမို့ (completed)
Romanceခင်ဗျားသည်သာလျှင်ကျွန်တော့်ရဲ့ဦးဆုံးမို့ ခင်ဗျားရဲ့အချစ်တွေအကုန်လုံးကျွန်တော့်အတွက်ပဲဖြစ်ပေးပါ