"ဟျောင့်...တေဇ..မင်းဒီနေ့ စောလှချည်လား.."
"အေးကွာ...တစ်ခါမှ စောစောမနိုးတဲ့ကောင်က...ငါတို့ကိုတောင် အိမ်ထိလာခေါ်လို့...."
"မဟုတ်ပါဘူးကွာ...ညကစောစောအိပ်တော့...စောစောနိုးတာပေါ့...အဲ့တာနဲ့...ငါလည်း...မင်းတို့ကိုပါ...တစ်ခါထဲ ဝင်ခေါ်လိုက်တာ.."
ကျွန်တော်တို့၃ယောက်...စကားပြောပြီး...
လျှောက်လာတာ...ကျွန်တော်တို့အဆောင်ရှေ့...ရောက်လာပြီ...."ဟျောင့်...ပြည့်စုံ...ခုံမှာထိုင်နေတာ...မေနှင်းစုတို့မဟုတ်လား..."
"အေးကွ..ဟုတ်တယ်...ငါစကားသွားပြောလိုက်ဦးမယ်...မင်းနဲ့တေဇက...ဒီနားမှာစောင့်နေ..
ကိုသုတလာရင် လာပြောဦး...
မေလေးက..သူ့အစ်ကိုရှေ့မှာ...သူ့ကိုစကားလာမပြောပါနဲ့တဲ့...အဲ့တာကြောင့်..မင်းတို့သေချာကြည့်ထားကြနော်...ငါသွားပြီ..""ဒီနေ့ကျမှ..ကိုသုကလည်း..နောက်ကျလိုက်တာ.."
"ကိုသုတက..နောက်ကျတာမဟုတ်ဘူး..မင်းကိုကစောနေတာ...အခုမှ ၈နာရီ၁၅မိနစ်ရှိသေးတယ်...အတန်းကလည်း ၉နာရီမှ စမှာ..."
"ဘာပဲဖြစ်ဖြစ်ကွာ..ဒီမှာစောင့်နေကြရအောင်."
"မေလေး...ကိုယ် ဒီမှာထိုင်မယ်နော်..."
"မေလေး...ငါတို့ဟိုဘက်ခုံကနေ...စောင့်နေမယ်နော်...အေးအေးဆေးဆေး စကားပြောနေကြ...လင်းလက် သွားမယ်..."
"အေးအေး...ငါတို့ဟိုဘက်ခုံမှာ..စောင့်နေတယ်နော်.."
"အေးအေး"
"မေလေး...မွေးနေ့ရောက်ဖို့..သိပ်မလိုတော့ဘူးနော်..."
"တစ်လလောက်လိုပါသေးတယ်.."
"၂၅ရက်လောက်ပဲ...လိုတော့တာပါ...
အဲ့နေ့ရောက်ရင်..ကိုယ်လိုချင်တဲ့အဖြေ...ပေးမယ်မလား..ဟင်...""အင်းပါ...
တွေ့တိုင်း ဒါပဲပြောနေတာ...
မမောသေးဘူးလား...."ကျွန်တော်တို့လည်း...ပြည့်စုံကို...ထိုင်ခုံမှာထိုင်စောင့်နေရင်း....
"ဟျောင့်...တေဇ...ဟိုမှာ...ကိုသုတ..မဟုတ်လား..."
"အေး...ဟုတ်တယ်..."
YOU ARE READING
ဦးဆုံးမို့ (completed)
Romanceခင်ဗျားသည်သာလျှင်ကျွန်တော့်ရဲ့ဦးဆုံးမို့ ခင်ဗျားရဲ့အချစ်တွေအကုန်လုံးကျွန်တော့်အတွက်ပဲဖြစ်ပေးပါ