ဒီနေ့မနက်၈နာရီမှာ...ကိုသုတို့ကစားမည့် ပထမဆုံးပွဲဖြစ်တာကြောင့်...ကျွန်တော်ကျောင်းကို စောစောလာခဲ့တယ်...။ ညကကိုသုနဲ့ဖုန်းပြောတော့...သူ့ကိုမကစားပါနဲ့ဦးဆိုတာကို...သူသက်သာနေပြီ ဆိုပြီး ကစားမယ်တဲ့..ကျွန်တော့်ကိုလည်း..လာအားပေးပါ ဆိုလို့ မနက်ကိုအစောကြီးထကာ...ပြည့်စုံကိုခေါ်ပြီး...ကျောင်းကိုစောစောလာခဲ့တယ်..။ ဟိုကောင်ညီလင်းကတော့...အသဲကွဲနေလို့ဆိုပြီး ဒီနေ့မလိုက်ဘူး...။
အဆောင်ရောက်တော့...အတန်းကိုခနဝင်လိုက်တယ်..။ အတန်းထဲမှာတော့...လူတွေသိပ်မရှိဘူး...ကျွန်တော်နဲ့ပြည့်စုံလည်း..အားကစားပွဲကျင်းပရာ အားကစားရုံကိုလျှောက်လာခဲ့တယ်..။ အားကစားရုံက..ကျွန်တော်တို့practicalလုပ်ရာအဆောင်ဖြစ်တဲ့ ၃ထပ်ဆောင်ရဲ့ နောက်ဘက်မှာဖြစ်တဲ့အတွက် သိပ်တော့မလျှောက်ရဘူး..။
အောက်ထပ်ရောက်တော့..မေလေးတို့အဖွဲ့ကလည်း သွားကြည့်ကြမယ်ဆိုလို့...သူတို့နဲ့အတူတူသွားဖြစ်တယ်..။ အားကစားရုံရောက်တော့..ကိုသုတို့က ကစားတောင်ကစားနေပြီ..။ ကျွန်တော်လည်း...chemistry major က အားပေးနေတဲ့လူတွေဘက်မှာ..သွားရပ်လိုက်ကာ..ကိုသုက်ို လက်လှမ်းပြလိုက်တော့..ကိုသုက ပြန်ပြုံးပြလာတယ်..။
တစ်ဖက်majorကအားပေးအသံတွေရော..ကျွန်တော်တို့majorကအားပေးသံတွေရော..အားကစားရုံတစ်ခုလုံး ဖုံးလွှမ်းနေတယ်..။ မိနစ်ပိုင်းတော်တော်ကြာလာတော့...ကျွန်တော်တို့majorအသင်းက အမှတ်တော်တော်သာနေပြီ..။ ခနကြာတော့ ပထမပွဲပြီးဖြစ်တဲ့အတွက်..ကိုသုကိုလှမ်းကြည့်တော့..ခန့်ညားဆိုတဲ့သူရဲ့ဘေးမှာ ထိုင်ပြီးစကားပြောနေတယ်...
ကျွန်တော်လည်း...မနက်ကမှ အသစ်ယူလာတဲ့ရေသန့်ဘူးနဲ့လက်ကိုင်ပဝါတစ်ခုကို ထုတ်လိုက်ပြီး..ကိုသုတို့ နားတဲ့နေရာကို..သွားလိုက်တယ်...။ ပြည့်စုံကတော့...မေလေးနဲ့အတူရှိနေတာမို့...ကျွန်တော်ဘာလုပ်လုပ်ဘယ်သွားသွား..အခုချိန်အာရုံထဲ ထည့်မှာမဟုတ်ဘူး...။
ကိုသုနားနေတဲ့နေရာရောက်တော့...
"ကိုသု..."
"ထွန်းကို...လာ..."ဆိုပြီး သူဘေးကလွတ်နေတဲ့ခုံကိုခေါ်တယ်..။ ကျွန်တော်လည်း ဝင်ထိုင်လိုက်ပြီး..
YOU ARE READING
ဦးဆုံးမို့ (completed)
Romanceခင်ဗျားသည်သာလျှင်ကျွန်တော့်ရဲ့ဦးဆုံးမို့ ခင်ဗျားရဲ့အချစ်တွေအကုန်လုံးကျွန်တော့်အတွက်ပဲဖြစ်ပေးပါ