ကိုသုရန်ကုန်သွားတာ ဒီနေ့နဲ့ဆို...တစ်လကျော်ပြီ...vedio callလည်းတခါတလေမှခေါ်လို့ရတယ်..ဖုန်းဆက်ရင်လည်း ကွန်ပြူတာသင်တန်းတက်နေရတာမို့...မအားဘူးဆိုပြီး မပြောရဘူး...။ အားပြန်တော့လည်း သူ့ညီလေးနဲ့အတူတူအိပ်ရတာမို့...ပြောလို့မကောင်းဘူးဆိုပြီး...မပြောရပြန်ဘူး...။
"🎶ဘယ်ချိန်မှလည်း...မင်းနဲ့မခွဲနိုင်ဘူးကွယ်..ငါ့အသဲဦး...
အားလုံးလည်း နားမလည်နိုင်တဲ့ လူ၂ယောက်ရဲ့ဖြစ်တည်မှု...
လွင်ပြင်အကျယ်ကြီးအဆုံးမှာ တစ်သက်တာဖြစ်မယ်...ကြိုမတွေးဘူး...
အို..လွတ်မြောက်မသွားချင်ဘူး..ဆက်မျောလွင့်ကြမယ် ငါနဲ့မင်းနဲ့အတူ...🎶"ကိုAr-Tရဲ့လွင်ပြင်သီချင်းကို Bluetoothဖြင့်ဖွင့်ပြီး...ကုတင်ပေါ်မှာ ကန့်လန့်ဖြတ်လှဲကာ..လိုက်ဆိုနေမိတယ်..။ ဒီသီချင်းကို ကျွန်တော် အလွတ်နီးပါးရတယ်..။ ဘာလို့ဆို ကျွန်တော်အရမ်းကြိုက်တဲ့သီချင်းမို့လို့ပါ..။
"ချလောက်!..."
"ကိုကို ခံစားချက်တွေလား...
လွင်ပြင်သီချင်းက..." ဆိုပြီး ရတီက အခန်းထဲဝင်လာတယ်..."အဲ့တာနင်နဲ့မဆိုင်ဘူး...ကိုယ့်အခန်းကိုယ်ပြန်.."
"ပြန်မှာပါ...ကိုကို့မှာ ကောင်လေးရှိရင် ရတီ့ကိုပြောပြနော်..
ရတီ supportချင်လို့...""ဘာတွေလာပြောနေတာလဲ?..ရတီရာ...
ကိုယ့်ဘာသာfeelတာတောင် ကောင်းကောင်းfeelလို့မရဘူး...""ဟုတ်တယ်မလား...ကိုကို့ဆီမှာ ကောင်လေးရှိနေတာမလား..ဟင်..ဟုတ်လားလို့..."
"ရှိတေတာ့ရော...နင်ဘာလုပ်မလို့လဲ?...
ွသွားစမ်းပါဟာ..ကိုယ့်အခန်းကို...""နှင်နေတာပဲ...ပြန်မှာပါ...ဟွန့်.." ဆိုပြီး ရတီက အခန်းထဲက ထွက်သွားတယ်..
ရည်းစားကိုလွမ်းကကြားထဲ..ဘာတွေလာမေးနေကြမှန်းမသိဘူး...
ကိုသုရေ...ကျွန်တော်လွမ်းနေပြီ..."ငါလွမ်းလို့သေတော့မယ်..ငါသတိရနေတော့လည်း...
ကိုသုမှမသိတာ ညတိုင်းပဲ..ကျွန်တော်မှာညတိုင်းရူးနေဆဲ..ကိုသုရေ..ဟင့်..ဟင့်.."အချိန်ရယ် မြန်မြန်သာကုန်ပါတော့...ကိုသုနဲ့တွေ့ချင်လှပြီ...တွေ့လို့ကတော့ အဝနမ်းပြစ်မယ်..အဟင့်ဟင့်...
YOU ARE READING
ဦးဆုံးမို့ (completed)
Romanceခင်ဗျားသည်သာလျှင်ကျွန်တော့်ရဲ့ဦးဆုံးမို့ ခင်ဗျားရဲ့အချစ်တွေအကုန်လုံးကျွန်တော့်အတွက်ပဲဖြစ်ပေးပါ