ကျွန်တော်ညီ့ကို သူမချော့လည်း ကိုယ်ပဲပြန်ချော့မယ်ဆိုပြီး..ကျွန်တော်တို့အဆောင်နားမှာစောင့်နေလိုက်တယ်...။ စောင့်နေရင်းမလာတာမို့...အဆောင်နားကအုတ်ခုံမှာထိုင်နေရင်း...facebookသုံးနေလိုက်တယ်..။ mydayတွေဝင်ကြည့်ရင်း...ပြည့်စုံတင်ထားတဲ့mydayမှာ ညီတို့တုတ်ထိုးဆိုင်ရောက်နေတယ်ဆိုတာပဲ...။ တောက်!..တစ်ယောက်မှမပြောကြဘူး...ကျွန်တော့်မှာတော့ထိုင်စောင့်နေလိုက်ရတာ..ဟိုကောင် သုတအောင်ကလည်းတစ်ခွန်းမှမပြောဘူး...။ တော်တော်ကောင်းတဲ့ကောင်တွေ..တစ်ယောက်မှမကောင်းကြဘူး...။
ကျွန်တော်လည်း...cycle standဆီသွားကာ..ဆိုင်ကယ်ကိုထုတ်လိုက်ပြီး...ဘုရားလမ်းက တုတ်ထိုးဆိုင်ဆီ မောင်းလိုက်တယ်..။ တုတ်ထိုးဆိုင်ရောက်တော့..မြင်လိုက်ရတာက..ညီ့နားက ဟိုကောင်လင်းမြတ်က ထိုင်နေတယ်..။
ဒေါသတွေကိုမြိုသိပ်ရင်း..ဆိုင်ထဲကိုဝင်လာလိုက်ပြီး...ညီတို့ဝိုင်းမှာပဲ ဝင်ထိုင်လိုက်တယ်...။ သုတမေးတဲ့စကားကိုလည်း..ဘုတောတောလိုက်ပြီး...တုတ်ထိုးကိုသာယူစားလိုက်တယ်...။
တဖြည်းဖြည်း...ညီနဲ့ဟိုကောင်ဖြစ်နေတာကိုကြည့်ရင်း...ကျွန်တော်စိတ်တိုလာတာကာ...ညီ့လက်ကိုဆွဲလိုက်ကာ..အပြင်ကို ဆွဲခေါ်လာခဲ့လိုက်တယ်..။ အပြင်ရောက်တော့...ညီကိုမလိုက်ရင် ဖက်နမ်းမှာလို့ ခြိမ်းခြောက်ပြီး..ပြောလိုက်တော့...ကျွန်တော့်ကို သူ့မှာဆိုင်ကယ်ပါတယ်ဆိုပြီး..ကျွန်တော့်ကိုအရင်သွားခိုင်းတာမို့ ကျွန်တော်အရင်ထွက်လာခဲ့လိုက်တယ်...။
မောင်းလာရင်းနဲ့...ညီကကျွန်တော့်ဆိုင်ကယ်နောက်က အမြန်မောင်းလာတာတွေ့ရတာမို့...ကျွန်တော်လည်း အရှိန်လျော့ကာမောင်းလိုက်တယ်..။ ညီ့ဆိုင်ကယ်က ကျွန်တော့်ဆိုင်ကယ်နဲ့လည်း နီးလာရော...ညီက...
"ကိုနေ...ကျွန်တော်ခင်ဗျားအိမ်မလိုက်ဘူးနော်...ဆိုင်တစ်ဆိုင်ကိုမောင်း..." ဆိုပြီး လှမ်းအော်ပြောလာတယ်..
သြော်...အိမ်လိုက်တော့ ကျွန်တော်က သူ့ကိုဘာလုပ်မှာကျလို့...ဟွန်း..."အင်း" လို့ ပြန်ပြောလိုက်ပြီး..တီလေးရဲ့ကော်ဖီဆိုင်နဲ့နီးလာတာကြောင့်...တီလေးရဲ့ဆိုင်ကိုပဲမောင်းလိုက်တယ်..
![](https://img.wattpad.com/cover/231813588-288-k435781.jpg)
YOU ARE READING
ဦးဆုံးမို့ (completed)
Romanceခင်ဗျားသည်သာလျှင်ကျွန်တော့်ရဲ့ဦးဆုံးမို့ ခင်ဗျားရဲ့အချစ်တွေအကုန်လုံးကျွန်တော့်အတွက်ပဲဖြစ်ပေးပါ