Part-38(Uni)

4.5K 338 9
                                    

ဆိုင်ကယ်မီးထိုးလာတာနဲ့အတူ..ဆိုင်ကယ်ပေါ်က ဆင်းလာတဲ့သူကတော့...ကျွန်တော်တို့အနားကို လျှောက်လာတာနဲ့အတူ...မျက်နှာကိုလည်း..ကောင်းစွာမြင်ရလာတယ်...။

"ကိုကြီး..."

"သုတ..."

"ဗျာ...."

"ဒီနေရာမှာ မင်းတို့ဘာလုပ်နေတာလဲ?...
ပြီးတော့....ဒီကောင်ကဘယ်သူလဲ?"

"ဟို...ဟို...သူ..."

ကိုကြီးမေးနေတဲ့စကားတွေကို..ပြန်ဖြေဖို့ စကားတွေက ရှေ့ဆက်ဖို့အတွက်ကို ထစ်နေတယ်..။ ရုတ်တရက်ကြီး ကျွန်တော့်လက်တစ်ဖက်နွေးသွားသောကြောင့်..ဘေးကိုလှည့်ကြည့်လိုက်တော့..ထွန်းကိုက ကျွန်တော့်ကို ပြုံးပြလာတယ်...။ ထွန်းကိုရဲ့အခုလိုအပြုအမူက..ကျွန်တော်တို့ရှေ့ဆက်ရင်ဆိုင်ဖို့ကို အားဖြစ်စေတယ်..။

"သားက တေဇထွန်းကိုပါ ကိုကြီး...
ကိုသုရဲ့ချစ်သူပါ..."

"ဘာ!...
မင်းတို့၂ယောက်လုံး အထဲကိုဝင်ခဲ့..."

အပြင်မှာ အော်ကျယ်အော်ကျယ်ဖြစ်ရင်...ရှက်စရာဖြစ်တာကြောင့်...အိမ်ထဲကိုသာ ၂ယောက်လုံးကို ခေါ်ခဲ့လိုက်တယ်...။

အိမ်ထဲရောက်တော့...မမစုပြောလိုက်လို့ထင်တယ် အကုန်လုံးဧည့်ခန်းထဲမှာ ထိုင်နေကြတယ်...။ ကျွန်တော်လည်း ထွန်းကိုလက်ကိုကိုင်ပြီး..ဧည့်ခန်းထဲမှာ ခုံမှာဝင်ထိုင်လိုက်တယ်..။
အကုန်လုံးရဲ့အကြည့်တွေကလည်း..ကျွန်တော်တို့ဆီမှာ ရှိနေတယ်..။

"ဟာ...လူတွေစုံလို့ပါလားဟ..
ဟေ့...Paung Paung ဦးငယ်ဆီလာ..."ဆိုပြီး တည်တံ့က အပေါ်ထပ်ကနေ အောက်ကိုဆင်းလာတယ်...။ Paung Paungလေးကလည်း..တည်တံ့ဆီပြေးသွားပြီး..တည်တံ့ကလည်း Paung Paung ကိုချီလာပြီး...ဧည့်ခန်းထဲကို လျှောက်လာတယ်..။ ဘာမှမသိသေးတဲ့တည်တံ့ကတော့...စကားပြောပြီးလျှောက်လာတယ်..

"ထမင်းမစားကြသေးဘူးလား...
လူလည်းစုံနေပြီ စားကြရအောင်လေ...မေမေ
ဟင်....ယောက်ဖ...အယ်..မှားလို့...ကိုကြီးတေဇထွန်းကို က ကျွန်တော်တို့အိမ်ဘာလာလုပ်တာလဲ?..."

"မင်းနဲ့သူနဲ့ သိလို့လား..." ဆိုပြီး ကိုကြီး တည်တံ့ကိုမေးလာတယ်...

ဦးဆံုးမို႔ (completed)Where stories live. Discover now