"မေမေ....မေမေရေ.....မေမေ့"
"ဟဲ့...ဘယ်လိုဖြစ်လို့ အော်ခေါ်နေတာလဲ"
"ဘာမှမဖြစ်ပါဘူး...အိမ်ထဲရောက်တဲ့ထိ သားက မေမေ့ကို မတွေ့တော့ အော်ခေါ်တာပေါ့လို့
ဒါနဲ့ မေမေကရော ဘာတွေလုပ်နေတာလဲ""ဘာတွေလုပ်ရမှာလဲ သားသားတို့ ပြန်လာရင် စားဖို့ ဟင်းချက်နေတာ"
"သြော်.... ဒါကြောင့်မို့ အိမ်ထဲဝင်ကတည်းက ဟင်းနံ့မွှေးတာကို ဗိုက်တောင်မှဆာလာပြီ
ဖေဖေရော ပြန်လာပြီလား""မလာသေးဘူးသားရဲ့ သားညီမလေးကို သွားကြိုရဦးမှာလေ"
"ဟုတ်သားပဲ.....အဲ့တာဆ်ို
မေမေ.....သားလဲရေသွားချိုးလ်ိုက်ဦးမယ်နော်""ရောက်ရောက်ချင်းမချိုးနဲ့ဦး...
နေပူထဲကခုမှပြန်လာတာ...ရေသောက်ပြီး ခနနားလိုက်ဦး ပြီးမှချိုး....
ဆိုင်ကယ်ရော သေချာထားခဲ့ရဲ့လား....ဖေဖေလာရင်အဆူခံရဦးမယ်နော်""ထားခဲ့ပါတယ် မေမေရဲ့....
သေသေချာချာကို ဘေးနားကပ်ပြီးထားခဲ့တာ..
ဖေဖေ့ကားဝင်ရင်တောင်နေရာအများကြီးလွတ်သေးတယ်....""အေး..ပြီးမှ.. သားဖ၂ယောက် ဘာသံမှမကြားချင်ဘူးနော်"
"ဟုတ်ကဲ့ပါ မေမေရယ်...
သားအပေါ်တက်တော့မယ်" လို့ မေမေ့ကိုပြောပြီး ကိုယ့်အခန်းကို ဝင်လာလိုက်တယ်။
အခန်းထဲက ရေဘူးကို သောက်လိုက်ပြီး ကုတင်ပေါ်မှာ ထိုင်လိုက်ပြီး ခနနားနေတဲ့အချိန် အတွေးထဲဝင်လာတာက ကိုသု... တကယ်ပဲကိုသုကမေလေးနဲ့ကြိုက်နေတာလား။ ကျွန်တော်ကိုဆို လူတိုင်းက ခင်ခင်မင်မင် ဆက်ဆံကြတာ အဲ့တာကြောင့်လဲ King ဖြစ်လာတာလို့ပြောလို့ရတယ်။ ကျွန်တော့်မျက်နှာကိုက မျက်နှာမြင်ချစ်ခင်ပါစေ ဆိုတဲ့ ဆုတောင်းနဲ့များ ပြည့်သလားလို့ထင်ရအောင် ငယ်ငယ်ထဲက ချစ်မွှေးပါတယ် လို့မေမေက အမြဲပြောတယ်။ အဲ့တာကိုတောင် ဘာလို့ ကိုသုက သူ့ကိုမခင်ချင်သလို ဖြစ်နေရတာလဲမသိဘူး။ သူ့ခြေထောက်ကို ကျွန်တော့်ခုံနဲ့ထိမိအောင် လုပ်ထားလို့လား မသိဘူး။ ဟူး............တော်ပါပြီ.....မတွေးတော့ဘူး.....ဘာပဲဖြစ်ဖြစ်ကျွန်တော်ကိုသုက်ိုခင်ပါတယ်။ မဟုတ်ဘူး...ကိုသုလည်း ကျွန်တော့်ကို ခင်ကိုခင်လာရမယ်။
BẠN ĐANG ĐỌC
ဦးဆုံးမို့ (completed)
Lãng mạnခင်ဗျားသည်သာလျှင်ကျွန်တော့်ရဲ့ဦးဆုံးမို့ ခင်ဗျားရဲ့အချစ်တွေအကုန်လုံးကျွန်တော့်အတွက်ပဲဖြစ်ပေးပါ