နေ့လည်၂နာရီလောက်ရောက်တော့...ညီလင်းတို့က ပြည့်စုံဘယ်လိုပြောလိုက်လဲမသိဘူး...သူတို့လိုက်ကျွေးမယ်ဆိုပြီး..ဘုရားဝန်းထဲက ထိုင်နေကျဆိုင်ကိုပဲ ထွက်လာခဲ့တယ်...။ ကိုသုကလည်း..ဒီနေ့ ကစားရမယ့်ပွဲမရှိတာကြောင့်...ကိုသုပါပါတယ်...။
ဆိုင်လည်းရောက်တော့...ကိုသုနဲ့ကျွန်တော်ကတစ်ဖက်...ညီလင်းတို့အတွဲက တစ်ဖက်...ပြည့်စုံကတော့ ထိပ်မှာထိုင်တယ်...။ ကျွန်တော်တို့လည်း ပုံမှန်အတိုင်းမှားလိုက်ပြီး..ကိုသုကတော့ သူစားနေကျ သင်္ဘောသီထောင်းနဲ့ပြောင်းဖူးထောင်း၂ပွဲပဲ မှာတယ်...။
ကိုနေဝန်းထက်ကတော့ မမှာဘူး..။ သူလိုက်ကျွေးပြီး...သူမစားဘူးဆိုတော့..နည်းနည်းတော့ အားနာတာပေါ့..
ခနကြာတော့...မှားထားသမျှတွေ..ချပေးလာတယ်...။ ကျွန်တော်တို့လည်း...စားစရာရှိတာ စားနေလိုက်တယ်..။ စားလို့ပြီးလို့..ခေါင်းလည်းဖော်လိုက်ရော...
"ညီ...ခွန့်ကျွေးဦး.."
"အင်း....ဟ...အာ..." ဆိုပြီး သူစားနေတဲ့ကွေ့တီယိုကို..ကိုနေဝန်းကို ခွန့်ကျွေးနေတဲ့ ညီလင်း
"အဝက်(အန်ချင်တဲ့အသံ)"
"ဟာ...ဟျောင့်...သုတ...
မင်း အဲ့တာဘာဖြစ်တာလဲ?...
သူများတွေ စားနေသောက်နေတဲ့ဟာကို..."""sorry!..sorry!ပါကွာ...
ငါမြိုချလိုက်ပြီ...ဟီး..ဟီး...""ဘာဖြစ်လို့လဲ? ကိုသု...
အန်ချင်အန်ချလိုက်...
ဘယ်သူ့ကိုမှ အားနာမနေနဲ့...""သုတအောင်...ငါသိတယ်နော်..."
"သူဘာသာဖြစ်နေတာ...ငါကဘယ်လိုလုပ်ပေးရမှာလဲ?..."
"ဟင်းဟင်း..."
"ကိုသု...ဘာစားမိလို့လဲ?..
အန်ချင်စရာကောင်းတဲ့ အစားအစာလည်း...မရှိပါဘူး...""မင်းမသိပါဘူး...ထွန်းကိုရာ..."
"ဘာကိုမသိတာလဲ?..ဘာကိုလဲ..ပြော.."
"ဟူး......
ဒီလိုလေ...မင်းအရှေ့မှာ မတွေ့ဘူးလား..""ဘာကိုလဲ..."
"ဟာ...ညီလင်းကလေ သူစားနေတဲ့ဇွန်းနဲ့ နေဝန်းကို ကျွေးတယ်လေ...
အဲ့တာ...ငါ...ငါ ရွံ"
YOU ARE READING
ဦးဆုံးမို့ (completed)
Romanceခင်ဗျားသည်သာလျှင်ကျွန်တော့်ရဲ့ဦးဆုံးမို့ ခင်ဗျားရဲ့အချစ်တွေအကုန်လုံးကျွန်တော့်အတွက်ပဲဖြစ်ပေးပါ