Part-39(Uni)

4.6K 335 0
                                    

   ကျွန်တော်တို့ကို ၂ဖက်မိဘတွေခွင့်ပြုလိုက်ပြီလို့ ပြောလိုက်တဲ့နေ့ကတည်းက...ထွန်းကို က ကျွန်တော်တို့အိမ်အက်ို တံခါးမရှိဓားမရှိ ဝင်ထွက်သွားလာတယ်..။ ကိုကြီးနဲ့သာ..နည်းနည်းတန်းတန်းဖြစ်ပေမဲ့..ကျန်တဲ့လူတွေအကုန်လုံးနဲ့တော့..ထွန်းကိုက မိသားစုဝင်တစ်ယောက်လို ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံတယ်..။

အခုလည်း..စာမေးပွဲဖြေရက်မို့..ကျွန်တော့်ကို အောက်မှာလာစောင့်နေတုန်း..မေမေက ထွန်းကိုကို မနက်စာစားဖို့ အတူခေါ်ပြီး..မိသားစု မနက်စာ စားနေကြတယ်..။ ကျွန်တော်လည်း..ဝင်ထိုင်လိုက်ပြီး..မိသားစုအကုန်လုံးနဲ့ မနက်စာဝင်စားလိုက်တယ်..။

ကျောင်းသွားတော့မယ်ဆိုတော့လည်း..ရေမန်းကို ကျွန်တော်တို့၂ယောက်လုံးကို တစ်ယောက်တစ်ခွက်စီတိုက်ပြီးမှ..ကျောင်းကို သွားစေတယ်..။ ဘာလို့ရေမန်းတိုက်တာလဲဆိုတော့..စာမေးပွဲမှာ အခက်အခဲမရှိ ဖြေနိုင်အောင်ရယ်...ထွန်းကို ကို ဆိုင်ကယ်နောက်တစ်ခါမှောက်မှာစိုးလို့ ရေမန်းတိုက်ရခြင်းဖြစ်တယ်..။

ကျောင်းရောက်တော့..နေဝန်းတို့အတွဲနဲ့ပြည့်စုံတို့အတွဲက cycle standမှာ စောင့်နေကြတယ်..။ သူတို့အားလုံးလည်း..ကျွန်တော်တို့လည်းရောက်ရော..အဆောင်ကို ကအတူတူသွားကြတယ်..။ နေဝန်းကတော့..အဆောင်မတူတာမို့..တစ်လမ်းစီ သွားရတယ်..။

"ထွန်းကို..ညက တွက်ပြထားတာ အခုရပြီမလား..."

"ဟုတ်..ရပြီ...
ကျွန်တော်သေချာတွက်ထားတယ်.."

"အင်းအင်း..ပြီးရော...
ရော့..ရေသောက်ဦး..."

"ဟုတ်...ကျေးဇူး ကိုသု..."

၁၀မိနစ်လောက်နေတော့..အခန်းစောင့်ဆရာမများက ဝင်ခိုင်းနေပြီမို့..ကျွန်တော်လည်း..အထဲကိုဝင်လိုက်တယ်..။ ဖြေခါနီးတော့..အရှေ့က ဖြေနေတဲ့ ထွန်းကို က..ကျွန်တော့်ကို အနောက်လှည့်ပြီး ပြုံးပြပြီးမှ..ပြန်လှည့်ကာ..ပြန်ဖြေနေတယ်..။

......................

   ကျွန်တော်လည်း ဖြေပြီးသွားလို့..နောက်ကိုလှည့်ကြည့်လိုက်တော့..ကိုသုက မရှ်ိတော့ဘူး..။ ကျွန်တော်လည်း..ဆရာမဆီ စာရွက်အပ်ပြီး..အပြင်ကို ထွက်လာတော့..အပြင်မှာ ကိုသုနဲ့မိန်းကလေးတစ်ယောက် စကားပြောနေတာ တွေ့ရတယ်..။

ဦးဆံုးမို႔ (completed)Où les histoires vivent. Découvrez maintenant