ညီလည်း ဆေးသောက်ပြီးအိပ်ပျော်သွားတာကြောင့်..ကျွန်တော်နဲ့သုတလည်း..ဧည့်ခန်းဆီကို ထွက်လာခဲ့ကြတယ်..။ ညကထဲက ဘာမှမစားရသေးတာကြောင့်...ဗိုက်ကလည်းဆာလာပြီ..။ ပုံမှန်ဆို ၂လမ်းကျော်က ဖွားဖွားတို့အိမ်မှာ သွားစားနေကြ..။ အိမ်မှာတော့ သိပ်မချက်စားဖြစ်ဘူး..။
"ဗိုက်တောင်ဆာလာပြီ...ခေါက်ဆွဲပြုတ်ပဲစားတော့မယ်...မင်းရောစားမလား သုတ..."
"အင်း...စားမယ်...
ငါ့အတွက်ပါလုပ်ခဲ့...""အေးအေး"
သုတကိုမပြန်ခိုင်းသေးဘူး..ညီနှိုးလာရင် ကျွန်တော့်အပေါ် စိတ်ဆိုးနေတာ နည်းနည်းပြေအောင်...သုတကိုပါ ဝိုင်းပြောခိုင်းရမယ်..။
နေဝန်းခေါက်ဆွဲပြုတ်နေတာကိုစောင့်ရင်း..ဧည့်ခန်းထဲမှာ TVထိုင်ကြည့်နေလိုက်တယ်...။ နေဝန်း ဘာလို့ဒီလိုလုပ်ရပ်ကို လုပ်ပြစ်လိုက်တာလဲဆိုတာ...စဉ်းစားလို့ကိုမရဘူး..။ ခနနေ နေဝန်းလာမှ မေးကြည့်ရမယ်...။
ခနကြာတော့..ခေါက်ဆွဲပြုတ်၂ပန်းကန်ကိုင်ကာ..နေဝန်းထွက်လာတယ်..။ ခေါက်ဆွဲပြုတ်ပန်းကန်တွေကို ချပြီး..ရေခဲသေတ္တာထဲက ရေ၂ဘူးယူလာပြီး ပြန်ထိုင်တယ်..။
"နေဝန်း..ရေခဲသေတ္တာထဲမှာ ဘီယာဘူးတွေနည်းလှချည်လား.."
"ညက သောက်ဖို့ဝယ်ခဲ့တာ..."
"အခုစားလိုက်ဦး..စားပြီးရင် မေးစရာရှိတယ်.."
"အေး.."
ခေါက်ဆွဲပြုတ်စားပြီးလို့ ရေသောက်လိုက်ကာ..အရှေ့မှာထိုင်နေတဲ့ နေဝန်းကို ညကအကြောင်းတွေမေးဖို့ စတင်လိုက်တယ်..။
"နေဝန်း..."
"အင်း.."
"ပြောပါဦး..ညက ကိစ္စ.."
"ဟူး......" ဆိုပြီး အရှေ့ကရေဘူးကိုကောက်သောက်လိုက်ကာ စကားကိုစလိုက်တယ်..
"မနေ့မနက်ကကွာ..mail boxမှာညီနဲ့ ဟိုတစ်ယောက်လေ မင်းတို့အတန်းထဲက လင်းမြတ်ဆိုလား...မင်းသိလား..."
"အင်း..သိတယ်.."
"အင်း..သူနဲ့ပုံတွေကွာ..snapရိုက်ထားတာလားမသိဘူး..captionတွေကလည်း ဘာတွေမှန်းမသိဘူး.."
ESTÁS LEYENDO
ဦးဆုံးမို့ (completed)
Romanceခင်ဗျားသည်သာလျှင်ကျွန်တော့်ရဲ့ဦးဆုံးမို့ ခင်ဗျားရဲ့အချစ်တွေအကုန်လုံးကျွန်တော့်အတွက်ပဲဖြစ်ပေးပါ