Part-34(Uni)

4K 341 0
                                    

"တေဇ...နင့်မှာ တကယ်ပဲရည်းစားရှိတာလား..."

"အေး..."

"နင်တို့တွဲတာလည်း ငါမတွေ့ပါဘူး...
ဘယ်သူလဲ?..ငါတို့မေဂျာကပဲလား..."

"အင်း...ဟုတ်တယ်...ငါတို့မေဂျာကပဲ...
ငါတို့တွဲသွားတွဲလာ လုပ်ပါတယ်...
နင်တို့သတိမထားမိတာနေမှာပါ..."

"ဘယ်သူလဲဟင်...
ငါသိလို့ရမလား..."

"အဲ့အတွက်တော့ sorryပါဟာ...
ငါ့ချစ်သူက သူများတွေသိမှာကြောက်တယ်တဲ့..
သူ့ဘက်က ထုတ်ပြစေချင်တဲ့နေ့ကျရင်...ငါပြောပြပါ့မယ်...ဟီးဟီး..."

"အင်..အင်း..."

king/queen selections ညီလေးညီမလေးတွေကို...ecအကိုတွေအမတွေနဲ့တူ ဝိုင်းသင်ပေးနေရင်း...ခနနားတော့ ကျွန်တော်တင်ထားတဲ့ relationship status နဲ့ပတ်သတ်ပြီး..ရွှန်းလက်က ကျွန်တော့်ချစ်သူအကြောင်းမေးလာတယ်...။

"ထွန်းကို..."

"ကိုသု!..ကျွန်တော်ဆီလာတာလား..."

"ဟုတ်တယ်...နေဝန်းသွားမလားလို့..."

"အင်း...သွားမယ်လေ...
ဒီမှာ ကျွန်တော်လည်း ပြီးခါနီးပြီ...
ညီလင်းကရော...ပြန်သွားပြီလား..."

"မပြန်သေးဘူး...မင်းကို စောင့်နေတယ်...
ပြည့်စုံရောပဲ..."

"အင်းအင်း...ခနလေးစောင့်ဦးနော်...
ကျွန်တော်ecအကိုနဲ့အမကို သွားပြောပြီး လိုက်ခဲ့မယ်နော်..."

"အင်းအင်း...
အခန်းထဲမှာပဲ ရှိတယ်..."

"ဟုတ်..."

ကိုသုက..ကျွန်တော့်ကို လာခေါ်ပြီး အခန်းထဲပြန်ဝင်သွားတယ်..။ ကျွန်တော်လည်း..ecတွေဆီသွားပြီး...ပြန်တော့မယ်အကြောင်း သွားပြောပြီး...ကိုသုတို့ရှိရာ အခန်းထဲကို သွားလိုကာတယ်...။

အခန်းထဲရောက်တော့..ကိုသုရောကျွန်တာ့်သူငယ်ချင်း၂ယောက်ရော လွယ်အိတ်လွယ်ကာ...ထွက်လာနေပြီ..။ ကျွန်တော့်လွယ်အိတ်ကိုတော့..ကိုသုက ကိုင်လာကာ..ကျွန်တော့်ကိုပေးပြီး...ကျွန်တော်လည်း ကိုသုပခုံးကိုဖက်လိုက်ပြီး...အပြင်ကို ထွက်လိုက်တယ်..။

*ဝရံတာအစွန်းနားမှာ..မတ်တပ်ရပ်နေတဲ့ ရွှန်းလက်ရဲ့အတွေးထဲမှာလည်း...တေဇထွန်းကိုရဲ့ ချစ်သူဆိုတာ...သုတအောင်ကိုများပြောတာလားဆိုပြီး...ပခုံးဖက်ပြီးထွက်သွားတဲ့ တေဇထွန်းကိုနဲ့သုတအောင်ကို မျက်လုံးထဲက ပျောက်သွားတဲ့အချိန်ထိ လိုက်ကြည့်နေတယ်..*

ဦးဆံုးမို႔ (completed)Donde viven las historias. Descúbrelo ahora