အတန်းချိန်တွေ ပြီးသွားအထိ...ကိုသုကမလာသေးတာမို့..ကိုသုကို စောင့်နေပေးရင်း...အနီရောင်ဘော်လီဘောဝတ်စုံနဲ့ ဝင်လာတဲ့ ကိုသု...လက်ကလည်း အထုတ်တစ်ထုတ်ကိုင်လာတယ်...။မနက်က လဲထားတဲ့ အဝတ်တွေဖြစ်မယ်...။
အသားကဖွေးပါတယ်ဆိုမှ ဝတ်ထားတာက အနီရောင်..အောက်ကဘောင်းဘီကလည်းအနီကအတိုဖြစ်တာကြောင့်...ဒူးဆစ်အပေါ်ထိ တက်နေတာ ပေါင်းသားဖွေးဖွေးတောင် မြင်နေရတယ်...။
ကျွန်တော့်တို့အနားရောက်တော့...
"ထွန်းကို...ငါ့ကိုစောင့်နေတာလား..."
"ဟုတ်တယ်..."
"ကျွန်တော်တို့ရော စောင့်နေတာ..ကိုသုတ.."ဆိုပြီး ပြည့်စုံကလည်း ဝင်ပြောတယ်..
"အာ...ကျေးဇူး.."
"ကိုသု...ပြီးပြီမလား...ပြန်ရအောင်လေ...
အဝတ်အစားလဲဦးမလား...""မလဲတော့ဘူး...ဒီတိုင်းပဲ ပြန်တော့မယ်...
ထွန်းကို..ငါ့ကို ကျောပိုးအိတ်ရဲ့အရှေ့အိတ်က လက်ကိုင်ပဝါလေး...ထုတ်ပေးပါ...
ချွေးတွေထွက်နေလို့..."ဟုတ်ပါ့...ကိုသုရဲ့ ဆံပင်နဲ့မျက်နှာမှာ ချွေးတွေအများကြီး ထွက်နေတယ်..။ အင်္ကျီမှာတောင် ချွေးတွေထွက်လွန်းလို့..ရေလောင်းချထားသလားလို့တောင် ထင်ရတယ်...။ ကျွန်တော်လည်း...သူ့ပြောတဲ့နေရာကိုဖွင့်လိုက်တော့...လက်ကိုင်ပဝါအနီလေးကိုတွေ့တယ်...။ ကျွန်တော်လည်း ယူပြီး...ကိုသုကို လှမ်းပေးလိုက်တော့...
"ကျေးဇူး..." ဆိုပြီး..လက်နဲ့ဂုတ်ပိုးက ချွေးတွေကို လက်ကိုင်ပဝါနဲ့ သုတ်နေတယ်..။
ဟိုကချွေးသုတ်ဖို့..လက်ကိုင်ပဝါတောင် မပေးဘူးလား...။ အာ...ဟုတ်သားပဲ...ကိုသုက ရွံတတ်တာ...ချွေးထွက်လွန်နေရင်တောင်..သူများတွေနဲ့ အတူတူသုတ်မှာ မဟုတ်ဘူး...။ တော်တော်လေးကို အသန့်ကြိုက်ပါလား...ကိုသုရယ်..။
ချွေးတွေသုတ်ပြီးနောက်...ကျောပိုးအိတ်ကို လှမ်းယူကာ...
"ထွန်းကို..ငါ့ကို ထမင်းချိုင့်နဲ့ထီး ကမ်းဦး.."
ကျွန်တော်လည်း..ထမင်းချိုင့်နဲ့ထီးက်ို..ယူပေးလိုက်ပြီး...
YOU ARE READING
ဦးဆုံးမို့ (completed)
Romanceခင်ဗျားသည်သာလျှင်ကျွန်တော့်ရဲ့ဦးဆုံးမို့ ခင်ဗျားရဲ့အချစ်တွေအကုန်လုံးကျွန်တော့်အတွက်ပဲဖြစ်ပေးပါ