"ကိုသု..မိန်းကလေးတစ်ယောက်ကို ဒီလိုတော့ မလုပ်သင့်ဘူးလို့ ကျွန်တော်ထင်တယ်..." လို့ပြောပြီးရွှန်းလက်ကို ထူပေးလိုကာာ်တော့..ကိုသုက ကျွန်တော့်ကို မျက်လုံးအဝိုင်းသားနဲ့ကြည့်နေတယ်...
ကျွန်တော်လည်း...ရွှန်းလက် လက်ကိုကိုင်ကာ..ဆွဲထူပေးလိုက်ပြီး...
"ကိုသု...မိန်းကလေးတစ်ယောက်ကို ဒီလိုမတွန်းချသင့်ဘူးလေ...နော်..." လို့ပြောလိုက်ပြီး..ကိုင်ထားတဲ့ရွှန်းလက် လက်ကိုလွှတ်ချလိုက်တော့...ရွှန်းလက်က ဖင်ထိုင်ရက် ပြုတ်ကျသွားပြန်တယ်..။
"အ!...တေဇ နင်ဘာလို့ လက်ကိုလွှတ်ချလိုက်တာလဲ?..."
"အာ...sorryပါဟာ...
ငါက ကိုသုကို မိန်းပါကလေးတစ်ယောက်ကို..ဒီလိုမတွန်းချသင့်ဘူးဆိုတာ ပြောပြတာပါဟာ...
ပြီးတော့...ကိုသုက ငါ့ချစ်သူ...
ငါ့ရဲ့တစ်ဦးတည်းသောချစ်သူ...
ငါတို့က တစ်ယောက်နဲ့တစ်ယောက်ချစ်ကြလို့ gayလို့သတ်မှတ်ချင်လည်း သတ်မှတ်လို့ရတယ်...
ပြီးတော့..ငါတို့၂ယောက်က တစ်သက်လုံးချစ်သွားကြမှာ..
ဘယ်သူခွဲလို့မှမကွဲဘူး...
ငါ့ချစ်သူကို လာထိရင် ငါခံမှာမဟုတ်ဘူး...
ငါဒီလောက်ထိမပြောချင်ပေမဲ့..အခုလောက်ဆို နင်နားလည်ပါပြီနော်..." လို့ ပြောလိုက်တော့..ရွှန်းလက် ဒေါသတွေထွက်ပြီး..."နင်တို့ ဘယ်လောက်ထိကြာရှည်ခံမလဲ?ငါစောင့်ကြည့်မယ်..." ဆိုပြီး..ဖုန်ခါပြီး ထွက်သွားတယ်...
ရွှန်းလက်ထွက်သွားတော့မှ..ကိုသုဘက်ကိုလှည့်ပြီး...
"ကိုသု...ဘာဖြစ်သွားသေးလဲဟင်..." လို့ မေးလိုက်တော့...
"ဘာမှမဖြစ်ပါဘူး.." ဆိုပြီး မျက်ရည်အဝိုင်းသားနဲ့ ကျွန်တော့်ကို ကြည့်နေတယ်..
"ဘာမဖြစ်ရင် ဘာလို့မျက်ရည်တွေဝိုင်းနေတာလဲ?...
ကျွန်တော့်ကိုပြော...ကျွန်တော်သူ့ကို သွားထပ်ပြောမယ်..""မဟုတ်ပါဘူး...ငါအရမ်းဝမ်းသာလို့...ဟင့်..
ငါမင်းကိုအရမ်းချစ်တာပဲ ထွန်းကိုရာ.." ဆိုပြီး ကျွန်တော့်ကိုရုတ်တရက်ဖက်လာတဲ့ ကိုသု...ကျွန်တော်လည်း...ကိုသုကျောကို ဖွဖွလေးပုတ်ပေးပြီး..ကိုသုလည်တိုင်လေးကို ဖွဖွလေးနမ်းလိုက်တယ်..။ အတန်ကြာဖက်ထားရမှ..ကိုသုက ကျွန်တော့်ကို လွှတ်ပေးလိုက်ပြီး..ကျွန်တော်နဲ့ မျက်နှာချင်းရပ်လိုက်ပြီး...ရုတ်တရက်ကြီး ကျွန်တော့်နဖူးကို နမ်းလာတယ်..။
YOU ARE READING
ဦးဆုံးမို့ (completed)
Romanceခင်ဗျားသည်သာလျှင်ကျွန်တော့်ရဲ့ဦးဆုံးမို့ ခင်ဗျားရဲ့အချစ်တွေအကုန်လုံးကျွန်တော့်အတွက်ပဲဖြစ်ပေးပါ