အဆောင်၂ခုကကပ်လျက်မို့...
chemisryနဲ့physicsကြားမှာ...ဆက်ထားသလို ခုံတန်းလေးရှိပြီး...အပေါ်ကအမိုးမိုးထားတာကြောင့်..တစ်ဆောင်နဲ့တစ်ဆောင်နီးကပ်တယ်..။ကျွန်တော်တို့လည်း...အဆောင်အောက်ထပ်ကနေထွက်လိုက်ပြီး...physicsအဆောင်ဘက်ကနေ ပြန်ဖို့လုပ်တော့...ခုံတန်းပေါ်မှာ ထိုင်နေတဲ့...ဟိုလူ 'နေဝန်းထက်'...ဆုံကိုဆုံနိုင်လွန်းတယ်...။
ကျွန်တော့်ဘေးနားကနေ...လျှောက်လာတဲ့ကိုသုကလည်း...သူ့သူငယ်ချင်းကို မြင်တော့...သူ့သူငယ်ချင်းနားကို သွားမယ်ပြင်တော့...ကျွန်တော်လည်း ကိုသုပခုံးကို လှမ်းဖက်လိုက်ပြီး...ဘေးနားကိုကပ်ထားလိုက်တယ်..။
သူက ကျွန်တော့်ကိုလှည့်ကြည့်တော့...ကျွန်တော်လည်း ပြုံးပြလိုက်တယ်...။ သူလည်း...ဘာမှမပြောဘဲ...သူ့သူငယ်ချင်းကို..စကားကိုလှမ်းပြောတယ်...။
"နေဝန်း...ဘာလုပ်နေတာလဲ?.."
"မင်းကို လာစောင့်နေတာလေ...ပြန်မလို့..."
"အဲ့တာဆို..သွားမယ်လေ..."
"သွားမယ် လာလေ...ငါ့နားကို...
တေဇထွန်းကို..ငါ့သူငယ်ချင်း ပခုံးကိုမဖက်ထားနဲ့...ဖယ်ပေးလိုက်လေ...""ဘာလို့ဖယ်ပေးရမှာလဲ?...ဒီလိုအတူတူသွားနေကြ...နော်...ကိုသု..."
"အင်း"
"ဘာ!!
ရတယ်လေ...
ညီ...အဟင်း...ညီလင်းလာ ကိုယ်နဲ့အတူတူအရှေ့ကသွားမယ်.." ဆိုပြီး..ညီလင်းပခုံးကိုဖက်ကာ...အရှေ့ကနေ ထွက်သွားတဲ့ 'နေဝန်းထက်'*အဲ့လိုသွားလို့ မဖြစ်ဘူး..ဒီလူ ညီလင်းကိုမှ ပခုံးရွေးဖက်သွားတာ..ဒီလူမရိုးသားဘူး..။ဟင်..ဟုတ်သားပဲ..ဟိုလူကgayလေ...တော်ကြာ..ညီလင်းကို မြူဆွယ်သွားရင်...*
"မရဘူး!.."
"ဘာဖြစ်နေတာလဲ?...တေဇ..
အလန့်တကြားနဲ့...""လာ..လာ...မြန်မြန်..." ဆိုပြီး..ဟို၂ယောက်နောက်ကို အမြန်ပြေးလ်ိုက်ခဲ့တယ်..။ ဟို၂ယောက်အနားရောက်တော့..ကိုသုပခုံးပေါ်ကိုလည်း လက်တင်ထားရင်...ပြည့်စုံကို အနားခေါ်ကာ...
"ပြည့်စုံ..ညီလင်းအနားကိုသွား.."
"ဘာလို့လဲ?...သူက ကိုနေဝန်းနဲ့ အတူတူသွားနေတာကို..."
YOU ARE READING
ဦးဆုံးမို့ (completed)
Romanceခင်ဗျားသည်သာလျှင်ကျွန်တော့်ရဲ့ဦးဆုံးမို့ ခင်ဗျားရဲ့အချစ်တွေအကုန်လုံးကျွန်တော့်အတွက်ပဲဖြစ်ပေးပါ