Part-22(Uni)

5.2K 400 1
                                    

"ကိုသု...မနက်ဖန် ဗိုလ်လုပွဲပြိုင်ရမှာနော်...
အအေးမမိစေနဲ့...အခုလည်း နွေးနွေးထွေးထွေးဝတ်လာပါဆိုတာကို အပေါ်က ရှပ်လက်ရှည်ပဲဝတ်လာတယ်...
နေမကောင်းဖြစ်ရင်တော့နော် မကစားရဘူးမှတ်..."

"အင်း..."

"ရေဘူးရော ဘယ်နှဘူးယူလာလဲ?...
သူများရေဘူးမို့မသောက်ဘူးဆိုပြီး..ဒီတိုင်းကြီး အငတ်မခံနေနဲ့နော်..
ကျွန်တော်ဆ်ီ ဖုန်းဆက်..
ကျွန်တော်လာပို့ပေးမယ်..."

"အင်း...."

"ပြီးတော့ ကျန်သေးတယ်...
ခန့်ညားဆိုတဲ့လူနဲ့ သိပ်မတွဲနဲ့..
အဲ့လူက ကိုသုကိုကြိုက်နေတာလားမသိဘူး..
အသားသိပ်ယူတာပဲ ကျွန်တော်မကြိုက်ဘူး.."

"အင်း..."

"ဟာ...ကိုသု...
ကျွန်တော်ပြောတာကို အလေးမထားတာလား..
အင်း တစ်လုံးပဲပြန်ဖြေနေတယ်...
ကျွန်တော်က ကိုသုကို စိုးရိမ်လို့ပြောနေတာလေ...
ဘာလဲ ကိုသုက ကျွန်တော့်ကို စကားသိပ်များတာပဲလို့ ထင်နေတာလား..."

*တေဇထွန်းကိုဟာလေ...ဘယ်လိုလေးမှန်းကိုမသိဘူး..အခုလည်းဆိုင်ကယ်မောင်းနေရင်းနဲ့..အနောက်ကလူကို...တတွတ်တွတ်နဲ့မှာနေတာ ကြည့်ဦး...မိန်းမကြီးကျနေတာပဲ...

ပြီးတော့ လက်အေးမှာကြောင့်လို့တဲ့..သူဝတ်လာတဲ့ hoddies ကအိတ်ကပ်ထဲကို လက်ကိုထည့်ထားခိုင်းတယ်...
အင်းပေါ့..သူကတော့အေးမှာကြောင့်လို့ လက်ထည့်ခိုင်းထားတာ..မသိတဲ့သူတွေဆို ခါးဖက်ထားတဲ့ ထင်ကြမှာ...

မထည့်ချင်ဘူးဆိုလည်းမရဘူး..အတင်းထည့်ခိုင်းထားတာ...တစ်ခါတစ်ခါ ဆိုင်ကယ်မောင်းနေတဲ့လက်တစ်ဖက်ကိုလွှတ်ပြီး..ကိုယ့်လက်ကို လာလာကိုင်ထားသေးတယ်...

ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်သလဲ?..တွေရင်းနဲ့ကို အသဲယားတယ်..*

"ကိုသု!..ဘာတွေအဲ့လောက်တောင် တွေးနေတာလဲ?...ကျွန်တော်မေးနေတာ မကြာဘူးလား.."

"အင်း...အယ် မဟုတ်ပါဘူးကွာ...
ငါမင်းစကားကို နားထောင်နေပါတယ်...
ငါစဉ်းစားနေတာ...တေဇထွန်းကိုက ဒီလိုမျိုး ချစ်ဖို့ကောင်းတဲ့လူပါလားလို့...
အခုမင်းပြောနေတဲ့ပုံစံက..ကောင်မလေးက သူ့ရည်းစားကောင်လေးကို မှာနေတဲ့ပုံစံနဲ့တူနေတယ်...
အား....ပြောနေရင်းနဲ့အသဲယားလာပြီ..." ဆိုပြီး..ဆိုင်ကယ်မောင်းနေတဲ့ ထွန်းကိုကို အနောက်ကနေ ပါးကိုဆွဲဖဲ့လိုက်တယ်...

ဦးဆံုးမို႔ (completed)Where stories live. Discover now