Part-27

3.7K 217 10
                                    

   ဘာလိုလိုနဲ့ ကျွန်တော်တို့ ပထမနှစ်ဝက်စာမေးပွဲဖြေလာတာ...ဒီနေ့ဆိုနောက်ဆုံးနေ့ဖြစ်ပြီ...။ ကျွန်တော်တို့အကုန်လုံးက ရှေ့ဆင့်နောက်ဆင့်မို့ ဘာမှတော့မဖြစ်ဘူး...။ စာမေးပွဲဖြေတယ်ဆိုတာကလည်း...ကျွန်တော်တို့အတွက်တော့ ဘာမှမထူးခြားပါဘူး...။ အရင်ကတည်းက လုပ်လာခဲ့တာမို့ အခက်အခဲတော့မရှိပါဘူး...။

ကျွန်တော်တို့ထွက်လာတဲ့အထိ...ကျွန်တော့်ချစ်သူစာဂျပိုးလေးက ခုထိမထွက်သေးဘူး...ဘယ်လောက်တောင်ဖြေနေလဲမသိဘူး..။ ဂုဏ်ထူးတန်းတက်မို့လားမသိဘူး..။ ကျွန်တော်တို့လည်း အရှေ့ကခုံမှာစောင့်နေလိုက်တယ်...။ ခနကြာတော့..မေးခွန်းစာရွက်နဲ့ စာရေးကိရိယာတွေ ကိုင်ပြီး...ကိုသုထွက်လာတယ်..

"ဖြေနိုင်လား ထွန်းကို...
အစောကြီးထွက်သွားတာ..."

"ကျွန်တော်က လက်ရေးမြန်တယ်လေ...
ပြီးတော့ ၅ပုဒ်ပဲဖြေခဲ့တာ...တစ်ပုဒ်ကမရလို့...ဟီးဟီး...
ကိုသုကရော ဘာလို့ကြာနေတာလဲ?...ဂုဏ်ထူးတန်းတက်မလို့လား...."

"မဟုတ်ပါဘူး...အပုဒ်မှားဖြေမိလို့..ဟီးဟီး...
ညီလင်းတို့ပြည့်စုံတို့ရော ဖြေနိုင်လား.."

"ဖြေနိုင်တယ်...ကိုသုတ..."

"ကိုလေး....ဖြေနိုင်လား..." ဆိုပြီး မေနှင်းစုကအနားရောက်လာတယ်...

"အင်း...မေလေးရော..."

"ဟုတ်...ဖြေနိုင်တယ်...
အဲ့တာဆို မေလေးသွားတော့မယ်နော်..."

"အေးအေး..."

"ကျွန်တော်လည်းသွားလိုက်ဦးမယ်...ကိုသုတ..
ဟျောင့်တွေ ငါပြန်နှင့်ပြီနော်..."

မေနှင်းစုထွက်သွားတာနဲ့ ကျွန်တော်တို့ကိုနှုတ်ဆက်ပြီး...မေနှင်းစုနောက်လိုက်သွားတဲ့ ပြည့်စုံ...

"ညီ!...ညီ!...
ဟူး...မောလိုက်တာ..."ဆိုပြီး ညီလင်းကိုလှမ်းခေါ်ပြီး ဘေးနားရောက်လာတဲ့ ကိုနေဝန်း

"ကိုနေ့အစား မောလိုက်တာ...
cycle standကစောင့်နေပါလား..."

ကိုနေဝန်းတို့ physics majorသမားတွေက...ကျွန်တော်တို့အဆောင်မှာဖြေရတာ...ကျွန်တော်တို့က သမိုင်းဆောင်မှာ ဖြေရတဲ့အတွက်...တောင်နဲ့မြောက်လို့ ဝေးတယ်...။ အဲ့တာကို နေ့တိုင်း လာပို့လိုက်...ဖြေပြီးရင် ဒီမှာလာစောင့်နေတယ်...။ သူ့အစားကျွန်တော်ပင်ပန်းလိုက်တာ...

ဦးဆုံးမို့ (completed)Where stories live. Discover now