"တေဇ...နင့်မှာ တကယ်ပဲရည်းစားရှိတာလား..."
"အေး..."
"နင်တို့တွဲတာလည်း ငါမတွေ့ပါဘူး...
ဘယ်သူလဲ?..ငါတို့မေဂျာကပဲလား...""အင်း...ဟုတ်တယ်...ငါတို့မေဂျာကပဲ...
ငါတို့တွဲသွားတွဲလာ လုပ်ပါတယ်...
နင်တို့သတိမထားမိတာနေမှာပါ...""ဘယ်သူလဲဟင်...
ငါသိလို့ရမလား...""အဲ့အတွက်တော့ sorryပါဟာ...
ငါ့ချစ်သူက သူများတွေသိမှာကြောက်တယ်တဲ့..
သူ့ဘက်က ထုတ်ပြစေချင်တဲ့နေ့ကျရင်...ငါပြောပြပါ့မယ်...ဟီးဟီး...""အင်..အင်း..."
king/queen selections ညီလေးညီမလေးတွေကို...ecအကိုတွေအမတွေနဲ့တူ ဝိုင်းသင်ပေးနေရင်း...ခနနားတော့ ကျွန်တော်တင်ထားတဲ့ relationship status နဲ့ပတ်သတ်ပြီး..ရွှန်းလက်က ကျွန်တော့်ချစ်သူအကြောင်းမေးလာတယ်...။
"ထွန်းကို..."
"ကိုသု!..ကျွန်တော်ဆီလာတာလား..."
"ဟုတ်တယ်...နေဝန်းသွားမလားလို့..."
"အင်း...သွားမယ်လေ...
ဒီမှာ ကျွန်တော်လည်း ပြီးခါနီးပြီ...
ညီလင်းကရော...ပြန်သွားပြီလား...""မပြန်သေးဘူး...မင်းကို စောင့်နေတယ်...
ပြည့်စုံရောပဲ...""အင်းအင်း...ခနလေးစောင့်ဦးနော်...
ကျွန်တော်ecအကိုနဲ့အမကို သွားပြောပြီး လိုက်ခဲ့မယ်နော်...""အင်းအင်း...
အခန်းထဲမှာပဲ ရှိတယ်...""ဟုတ်..."
ကိုသုက..ကျွန်တော့်ကို လာခေါ်ပြီး အခန်းထဲပြန်ဝင်သွားတယ်..။ ကျွန်တော်လည်း..ecတွေဆီသွားပြီး...ပြန်တော့မယ်အကြောင်း သွားပြောပြီး...ကိုသုတို့ရှိရာ အခန်းထဲကို သွားလိုကာတယ်...။
အခန်းထဲရောက်တော့..ကိုသုရောကျွန်တာ့်သူငယ်ချင်း၂ယောက်ရော လွယ်အိတ်လွယ်ကာ...ထွက်လာနေပြီ..။ ကျွန်တော့်လွယ်အိတ်ကိုတော့..ကိုသုက ကိုင်လာကာ..ကျွန်တော့်ကိုပေးပြီး...ကျွန်တော်လည်း ကိုသုပခုံးကိုဖက်လိုက်ပြီး...အပြင်ကို ထွက်လိုက်တယ်..။
*ဝရံတာအစွန်းနားမှာ..မတ်တပ်ရပ်နေတဲ့ ရွှန်းလက်ရဲ့အတွေးထဲမှာလည်း...တေဇထွန်းကိုရဲ့ ချစ်သူဆိုတာ...သုတအောင်ကိုများပြောတာလားဆိုပြီး...ပခုံးဖက်ပြီးထွက်သွားတဲ့ တေဇထွန်းကိုနဲ့သုတအောင်ကို မျက်လုံးထဲက ပျောက်သွားတဲ့အချိန်ထိ လိုက်ကြည့်နေတယ်..*
YOU ARE READING
ဦးဆုံးမို့ (completed)
Romanceခင်ဗျားသည်သာလျှင်ကျွန်တော့်ရဲ့ဦးဆုံးမို့ ခင်ဗျားရဲ့အချစ်တွေအကုန်လုံးကျွန်တော့်အတွက်ပဲဖြစ်ပေးပါ