Part-21(Uni)

5.4K 429 9
                                    

    ကျွန်တော်ဒီလောက်စကားတွေအများကြီးပြောနေတာတောင်...ထွန်းကိုဘက်မှ တစ်ခွန်းတောင် မဟဘူး...။ အင်းပေါ့လေ..သူလည်းဘယ်ပြောချင်ပါ့မလဲ?...ကျွန်တော့်ကိုရွံတောင်ရွံသွားပြီလားမသိဘူး...။

ကျစ်...ဒီမျက်ရည်တွေကလည်း..အလိုက်မသိကျချင်နေပြန်ပြီ..။ ကျွန်တော်ပြောနေရင်း..ထွန်းကိုက သူ့ကိုသိုင်းဖက်ထားတဲ့လက်တွေဖယ်ချလိုက်တယ်..။ သူ..ကျွန်တော့်အသားကိုတောင်မထိချင်တော့ဘူးပေါ့..။

ချက်ချင်းကျွန်တော်နဲ့မျက်နှာချင်းဆိုင်ကို..လှည့်လာကာ..သူမျက်နှာနဲ့ကျွန်တော့်မျက်နှာ တော်တော်လေးကို နီးကပ်သွားပြီး..

"အု!...အင့်!...ထွန်းကို!.."

*သူ့နှုတ်ခမ်းက..ကျွန်တော့်နှုတ်ခမ်းကို ထိကပ်လာပြီး..ကျွန်တော့်နှုတ်ခမ်းတွေကို တစ်လှည့်စီစုပ်ယူနေတယ်..။ ကျွန်တော်လည်း..ထွန်းကိုကို နည်းနည်းတွန်းမလို့လုပ်လိုက်တော့..တွန်းလို့မရဘဲ ဘေးကနံရံကို ကျောပြင်နဲ့မိတ်ဆက်သွားတယ်...။

ထွန်းကိုရဲ့လက်တစ်ဖက်က..ကျွန်တော့်ခါးကို ဖက်ထားပြီး..ကျန်တဲ့လက်တစ်ဖက်က ကျွန်တော့်ခေါင်းကို ထိန်းကိုင်ထားကာ..ကျွန်တော့်နှုတ်ခမ်းတွေကို...ထွန်းကိုက အရမ်းအကြမ်းကြီးနမ်းနေတာမျိုးမဟုတ်ဘဲ..ညင်ညင်သာသာ စုပ်ယူနမ်းနေခြင်းဖြစ်တယ်..။

ကျွန်တော်..အခု အနမ်းခံနေရတာလား..။ နမ်းနေတဲ့သူကလည်း..တခြားသူမဟုတ်..ကျွန်တော်ချစ်နေတဲ့ ထွန်းကို..။ ထွန်းကိုကရော...ကျွန်တော့်ချစ်နေတာလား..။ အဲ့တာကြောင့်...အခုလိုနမ်းနေတာလား...။ ဒါဆို မေလေးကရော...ကျွန်တော်မတွေးတတ်တော့ဘူး...။

ဘာပဲဖြစ်ဖြစ်..အခု ကျွန်တော်ချစ်တဲ့သူက နမ်းနေတာမို့လို့..ကျွန်တော်လည်း..ဘာမှမလုပ်တော့ဘဲ ချစ်ရသူရဲ့အနမ်းကို..ကြည်ကြည်ဖြူဖြူလက်ခံလိုက်တယ်..။ ၃မိနစ်လောက်..ထွန်းကိုရဲ့အနမ်းကိုခံယူပြီနောက်..ထွန်းကိုက အောက်နှုတ်ခမ်းကို သူ့အစွယ်နဲ့တစ်ချက်ကိုက်ပြီး လွှတ်ပေးတယ်..*

"အ!!...ထွန်းကို.."

"အဲ့တာ ထင်ရာတွေလျှောက်ပြောနေလို့..
အပြစ်ပေးတာ.."

ဦးဆံုးမို႔ (completed)Where stories live. Discover now