Part-9(Uni)

4.6K 433 1
                                    

mainဆောင်အရှေ့...လမ်းမထက်ဝယ်...

"ညီ...နေပါဦး....
ညီ!...နေပါဦးလို့..."

"ဘာလို့ဖြစ်လို့...ဒီလောက်တောင်အော်ခေါ်နေရတာလဲ..."

"ညီ မှမစောင့်တာ...
ဘာလို့အရှေ့ကနေ...ထွက်သွားတာလဲ..."

"ကျွန်တော့်ဘာသာ...ဘယ်လိုသွားသွားပေါ့.."

"ဘာလဲ...ကိုယ်က ညီ့ကို...ခုနက မခေါ်လို့စိတ်ဆိုးနေတာလား..."

"ဆိုးစရာလား...ခင်ဗျားက ဘာဟုတ်လို့...."

"အဲ့တာဆို...ဘာလို့ အရှေ့ကနေ ထွက်သွားတာလဲ?..."

"ခင်ဗျားက...စကားတစ်ခွန်းတည်းနဲ့...ရစ်နေတာပဲ....
ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူး...
ကျွန်တော်ဘာသာ...စောစောပြန်ချင်လို့...အရှေ့ကနေ ထွက်လာတာလေ..."

"သြော်.....ဟုတ်လား....
ကိုယ်က ညီ့ကို မခေါ်လို့...စိတ်ဆိုးနေတာထင်တာ....

"..........."

"ကိုယ်မခေါ်ဘူးဆိုတာက...ညီ့သူငယ်ချင်းတွေရှေ့မှာမို့လို့...မခေါ်တာပါ...
ကိုယ်ကgayဆိုတာ...တော်တော်များများသိတယ်လေ...ကိုယ်ကမင်းကိုရွေးခေါ်လိုက်တော့...
ကိုယ်မင်းကိုကြိုက်နေတာ...သူတို့သိသွားရင်...
မင်းကိုသူတို့စကြမှာစိုးလို့ပါ..."

"ဟာ....ခင်ဗျား ဘာတွေပြောနေတာလဲ...
ခေါ်လိုက်ရုံနဲ့...ခင်ဗျားကို...ဘယ်သူမှ အဲ့လိုမထင်ဘူး..."

"ဟား..ဟား...တကယ်ပဲ ညီက...ကိုယ်မခေါ်လို့ စိတ်ဆိုးနေတာပဲ..."

"ဟာ...မဟုတ်ပါဘူးဆိုဗျာ...

ဒါနဲ့...ခင်ဗျားနဲ့ကိုသုတက...ဘယ်ချိန်ထဲက သိတာလဲ..."

"သုတနဲ့ကိုယ်က...ငယ်ငယ်လေးထဲက သူငယ်ချင်းတွေလေ...ဘာဖြစ်လို့လဲ..."

"သူငယ်ချင်းတွေကလည်း...အနေဝေးနေတဲ့ ရည်းစားတွေလို့..တွေ့တာနဲ့..ဖက်ကြတာလား.."

"ဟင်.......
သြော်...ညီက ကိုယ့်ကို သဝန်တိုနေတာလား.."

"ဘာ..ဘာလို့ သဝန်တိုရမှာလဲ..."

"မဟုတ်ရင်...ဘာလို့မေးတာလဲ...."

"မေးချင်လို့မေးတာ..."

"သဝန်မတိုပါနဲ့...ညီရယ်.."

"ဟာ...မတိုပါဘူးဆို.."

ဦးဆံုးမို႔ (completed)Onde histórias criam vida. Descubra agora