Unicode
"မင်းတခြားေနရာမှာမလုပ်ဘဲ ဘာလို့ဒီအလုပ်မှာဝင်လုပ်ရတာလဲ"
အလုပ်နားချိန် ဖုန်တွေ၊သဲတွေပေရေနေပြီး နံရံကိုမှီကာ ထိုင်နေသောကောင်လေးအား ဘေးရှိအမျိုးသားတစ်ယောက်မှ မေးလိုက်သည်။
"လုပ်ချင်လို့တော့ဘယ်ဟုတ်ပါ့မလဲဗျာ အသက်ရှင်ဖို့အတွက် ရွေးချယ်စရာမှမရှိတာဦးလေးရယ်"
နေ့လယ်ခင်း ခြစ်ခြစ်တောက်ပူနေသော နေရောင်အောက်တွင် လူအယောက်နှစ်ဆယ်မျှ ဘိလပ်မြေထုပ်များ ပခုံးပေါ်တင်ကာထမ်းရင်း မရပ်မနား အလုပ်လုပ်နေကြသည်။
14 ထပ်ပါ အထပ်မြင့်အဆောက်အအုံဆောက်ရန် နေ့စားအလုပ်သမားများ ချွေးသံတရဲရဲနှင့် အပူဒဏ်ကိုအံတုကာ ငွေရေးကြေးရေးအတွက် တိုက်ပွဲဝင်နေကြရသည်။ ထိုလူများအထဲတွင်ေတာ့ သူအပါအဝင်ပေ။
နားချိန်အတွင်းစားေသာက်ရန်လည်း ထမင်းချိုင့်မရှိသောကြောင့် ဆာလောင်နေသောဒဏ်အား မေ့ဖျောက်ကာ အလုပ်ဆက်လုပ်ရန် ထိုင်နေသည်က ထထွက်သွားသည်။ သို့သော် ဘေးရှိထိုအမျိုးသားမှာတော့ ကောင်လေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်ကာ ကျန်ရစ်ခဲ့သည်။ ရတဲ့ငွေကလေးအိတ်ထဲမှာထည့်ပြီး စလွယ်သိုင်းကာအိမ်ပြန်လာခဲ့သည်။
"သား ပြန်လာပြီလား ဒီနေ့ရေဖိုးတွေ ၊ မီတာဖိုးတွေရောက်လာတယ်"
မောမောပန်းပန်းနှင့် အလုပ်လုပ်ကာအိမ်ပေါ်ရောက်ရောက်ချင်း အမေပေးသောထိုစာရွက်အပိုင်းအစများကြောင့် အမောစို့သွားခဲ့ရသည်။စိတ်ဆင်းရဲရသော်လည်းပဲ မျက်နှာတွင်တော့ မည်သည့်အရိပ်အယောင်မျှမပြခဲ့။တစ်ယောက်တည်းရှိေသာအမေ့ကိုတော့ သူပျော်စေချင်ခဲ့သည်လေ။
"မနက်ဖြန် သားသွားဆောင်လိုက်မယ် အမေကောထမင်းစားပြီးပြီလား သားဘာချက်ပေးရမလဲ"
"ရပါတယ် အမေကစားပြီးပြီ သားစားချင်တာသာကိုယ့်ဘာကိုယ်ချက်စား"
"ဒါဆို သားရေမိုးချိုးပြီးမှပဲ ချက်လိုက်တော့မယ်"
"အင်းအင်း"
တစ်နေ့လုံး ဘိလပ်မြေအိတ်တွေထမ်းထားရသဖြင့် ပခုံးတို့မှာညောင်းညာနေသည်။စေးကပ်ကပ်ချွေးများရွဲနစ်နေသော တီရှပ်လက်တိုကို ခေါင်းကနေဆွဲချွတ်လိုက်သည်။
YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20