ညချမ်းအခါ ။
" မိုင်ပုရေ မိုင်ပု သွားကြမယ် "
ဂျမ်းဂျမ်းအိမ်ထဲကိုအော်ရင်းဝင်လာတော့
ည ၈ နာရီထိုးနေပြီပင် ။ ၉ နာရီထိုးလျှင်
ပွဲကစတော့မည် ။ အခုတောင် ဘောလုံးကွင်းဆီက
လာတဲ့ဘောက်ကြီးနဲ့ဖွင့်တဲ့သီချင်းသံတွေက
ဆူဆူညံလို့နေသည် ။" ကိုကြီး တကယ်လိုက်ဖို့လား "
" အင်း "
ပွဲကြည့်ရင်တစ်ညလုံးကြည့်တတ်သည့်
ကျွန်တော့်နောက်ကို ကိုကြီးဘယ်လို လိုက်စောင့်မလဲ ။ အိပ်မရလှဲမရတဲ့ လူပင်လယ်ကြီးထဲ ကိုကြီးကိုမခေါ်ချင်တာမဟုတ်
မခေါ်ရက်တာပင် ။" ဒီလို ဒီလိုမျိုးပဲ တစ်ညလုံးထို်င်နေရမှာနော်
ကိုကြီး "ပွဲကြည့်ရင်ထိုင်ရသလို အောက်ကြမ်းခင်းပေါ် တင်ပျင်ခွေကာထိုင်ပြပြီးပြောသော်လည်း ရတယ်လိုက်မှာပဲ ဆိုသောအကြည့်တွေနဲ့အတူ
ကိုကြီးကခေါင်းလေးသာငြိမ့်ပြသည် ။" ဘေးမှာလူတွေအများကြီးနော် "
" အင်း ရတယ် "
" ထိုင်ပြီးရင်လည်း ထဖို့အရမ်းခက်တာနော် "
" ကိုယ်မထဘူး "
" မိုင့်အထင် မဖြစ်ဘူးထင်တယ် ကိုကြီးရာ "
" အော် မိုင်ပု
သူဌေးအကိုကြီးက လိုက်ချင်တာကို
ခေါ်ခဲ့စမ်းပါဟယ် ကိုယ့်သူဌေးကိုဘာအတွန့်တက်နေတာတုန်း "" နင်ဘာသိလို့လဲ မိဂျမ်းမရယ် "
" ဟုတ်သားပဲ သားရယ်
ကြည့်ဖူးတယ်ရှိအောင်ခေါ်သွားလိုက်ပါ "" အမေကလည်း
တစ်ညလုံးကြီးနေတတ်မှာမဟုတ်ဘူး "" ကဲ လူလေး
ရှိုးကိုခေါ်သွားလိုက်ပါ
စိတ်ပူမနေနဲ့ "အခုစကားဝိုင်းက လေးယောက်တစ်ယောက် ဖြစ်လာပြီဆိုတော့ လက်လျော့ရတော့မည် ။
ကိုကြီးကိုကြည့်လိုက်တော့လည်း လက်ပိုက်ကာပြုံးပြနေသည်မို့ ။" အဲဆို ကိုကြီးအနွေးထည်ထပ်ခဲ့ရမယ်
ခဏ မိုင်သွားယူပေးမယ် "ဆောင်းညချမ်းကြီးဖြစ်သည်ကြောင့် အိမ်ထဲမှာနေတာသိပ်မသိသာပေမယ့်
ပွဲခင်းအပြင်မှာတစ်ညလုံးဆိုတော့
အအေးပိုမည်ပင် ။ ထိုကြောင့် ကိုကြီးအတွက်အနွေးထည်ကို အခန်းထဲသွားယူပြီးမှ ပြန်ထွက်လာခဲ့သည် ။
ယူလာသည့်အနွေးထည်လေး ကိုကြီးကိုမပေးခင်
ချည်သားတဘက်စလေးကိုအရင်ဦးစွာ
ကျွန်တော့်လည်ပင်းကိုသိုင်းကာ ကိုကြီးက စည်းပေးလာသည် ။ ပြီးကာမှ ကျွန်တော့်လက်ထဲကအင်္ကျီကိုယူပြီး ဝတ်လေသည် ။