November 14 >>>>>
At 8 : 00 am >>>>>အိပ်လို့မပျော်ခဲ့ဘူး ။ တစ်ညလုံး ဟိုလိမ့်လိုက်ဒီလိမ့်လိုက်နှင့် အတွေးထဲ
သူတစ်ယောက်ထဲစိုးမိုးနေသည် ။ စိတ်အလိုအရ
ခေါ်ခဲ့မည့်သည့် နာမ်စားလေးနောက်မှာ
သူဘယ်လိုဖြစ်ပြီးကျန်ခဲ့မလဲ စိတ်ဆိုးနေမလား
ကျွန်တော့်ကိုမမြင်ချင်လောက်အောင်ကို စိတ်ဆိုးနေမလား ထိုအတွေးတွေကြောင့်
အိပ်လို့မရခဲ့ဘူး ။ စိုးရိမ်မှုတွေနှင့်အတူ
ရင်ခုန်ခြင်းတွေကလည်းတပြေးညီပြန်သည် ။
ကျွန်တော့်ကိုဆွဲကပ်လိုက်ချိန်ခဏမှာလည်း
မြင်လိုက်ရသည့် ညို့မျက်ဝန်းတွေကိုလည်း
ထပ်ကာထပ်ကာတွေးရင်းရင်ခုန်ရပြန်သည် ။
်ဒွန်တွဲနေသည့်ခံစားချက်နှစ်မျိုးကြောင့်
တစ်မှေးလေးမျှမအိပ်လိုက်ရပါ ။ အချိန်တွေသာ
နောက်ပြန်ဆုတ်လို့ရရင် ကျွန်တော်စောစော
ဝင်နားခဲ့ပါတယ် ။ အခုလည်း အလုပ်တစ်ချို့
လုပ်နေရင်းကိုကျွန်တော်လူနှင့်စိတ်ကမကပ် ။" လူလေးမိုင်
ရှိုး ဆီသွားလေ
အင်္ကျီတွေဘာတွေလုပ်ပေးရဦးမယ်မလား
ဒါတွေက ကြီးကြီးဆက်လုပ်တော့မယ်
ခဏနေ သူဌေးတို့လာရင်လည်း
ရှိုးလည်းအဆင်သင့်ဖြစ်နေအောင် "ဘုန်းကြီးငါးပါးကိုနေ့ဆွမ်းကပ်ဖို့ရာ
ကြီးတင်ကမနေ့ကတည်းကစီစဉ်ကာ
သွားရောက်လျှောက်ထားပြီး ကျွေးမွေးပြုစုဖို့ရာ
အားလုံးနီးပါးလည်းအဆင်သင့်ဖြစ်ကာနေပြီ ။
အစ်မရှိုးမေအတွက်ကုသိုလ်ပွဲလေးမို့ သူ့မိဘတွေလည်းလာမှာ သေချာပါသည် ။ တခြားဧည့်သည်တစ်ချို့ပါ လာကောင်း လာနိုင်ပါသေးသည် ။" ကြားလား လူလေး "
" ဒီနေ့ကြီးတင် သွားပေးပါလား
ဒီဝတ်စုံလေးကိုဝတ်ပေးလိုက်နော် "မနေ့ကဈေးချိုမှာသူ့အတွက်ရည်ရွယ်ကာ
ဝယ်ခဲ့သည့် အင်္ကျီအဖြူလက်ရှည်လေးကိုပါ
ကြီးတင်လက်ထဲထည့်ပေးလိုက်သည် ။" လူလေးက ဘာလို့လဲ "
" သား သားက... ဗိုက်နာနေလို့
အား....မရတော့ဘူး... အရမ်းဗိုက်နာနေပြီ
ကြီးတင် သွားပေးနော် ....ဗိုက်နာလိုက်တာ
သားပြေးပြီ "