At 5 : 00 pm >>>>>
" ညီမငယ် အတွေးတွေလွန်နေပြီလား "
" မဟုတ်ပါဘူး ဒီအတိုင်း
သားလေးအတွက်တွေးမိနေတာလေးပါ "မနက်ကသူဌေးလေးနဲ့အတူထွက်သွားတော့
အကိုကြီးကိုစိတ်ထဲထင်နေမိတာလေး မေးဖြစ်ခဲ့သည် ။ တစ်ခြားတော့မဟုတ်
သူဌေးနှင့်အလုပ်ရှင်ထက်ပိုသာနေသော
ဆက်ဆံရေးကိုမေးတော့ ပြန်လည်
ပြောပြလာသောအကိုကြီးရဲ့ စကားလုံး
တစ်လုံးချင်းစီကနေအံ့အားသင့်ခဲ့ရသည် ။
သဘာဝနှင့်ဆန့်ကျင်နေသောချစ်ခြင်းအပေါ် ပျော်ပျော်ရွှင်ရွှင်လျှောက်လှမ်းနေသော သားငယ်လေးကိုတားလည်းမတားရက်သလို
ရှေ့လည်းမဆက်စေချင်တာအမှန်တရားပင် ။
ဘာကိုမှပူဆာမှုမရှိသလို လိုချင်တာရှိရင်တောင်
မိဘကိုငဲ့ပြီးမြိုသိပ်တတ်သော သားလေးရဲ့
အလိုဆန္ဒကိုဘာမဆိုဖြည့်ဆည်းပေးချင် မိသော်လည်း အခက်အခဲတွေကြား သားလေးခံစားရမည်ကိုလည်းမကြည့်ရက်နိုင် ။
လိမ္မာအလိုက်သိတတ်သောတစ်ဦးတည်းသော သားလေးမို့ဆုံးဖြတ်ရအလွန်ခက်ပါသည် ။ တစ်နေကုန်လုံးလည်းဒီအကြောင်း အတွေးထဲကမထွက် ။ အကိုကြီးကတော့ ခဏစောင့်လိုက်ပါဦးတဲ့ ။" ကဲကဲ ထမင်းစားရအောင် ညီမငယ်
ထမင်းတွေဟင်းတွေအေးကုန်ပြီ "" ဟုတ် အကိုကြီး
သူဌေးလေးရောသားလေးကိုရောခေါ်လိုက်ဦး "" မြေးငယ်ရေ..... ထမင်းစားရအောင်
လာတော့လေ မြေးငယ်....... "ထမင်းစားဖို့ရာ အခန်းထဲကကျွန်တော့်ကို
ဘကြီးအော်ခေါ်နေတာကြားပေမယ့်
စိတ်ကတစ်ခြားကိုတွေးနေမိသည် ။
နားနှင့်ကြားခဲ့ရသည် စကားတစ်ခွန်းက
ခံရခက်လှသည် ။ * အမယ်လေး မိန်းမသား တွေကသာသူဌေးတွေကိုချူစားကြတာလို့ပဲ ကြားဖူးခဲ့တာ အခုများယောကျာ်းတွေကစ ချူစားတတ်နေပြီ ရုပ်လေးနဲ့မလိုက်အေ ခုခေတ်ကာလကြီးမကောင်းချက်ကတော့
ပြောမနေချင်တော့ဘူး ဟုတ်မှာပေါ့လေ ဟိုကပညာတတ်ဥစ္စာပေါကို * တဲ့ ။ အမည်နာမ
ထည့်မပြောပေမယ့် ကျွန်တော့်ကိုကြည့်ပြောတဲ့
ထိုအစ်မကြီးတွေကြောင့် ဘယ်သူဘယ်ဝါကို
ပြောချင်မှန်းကျွန်တော်နားလည်ခဲ့သည် ။