At 9 : 30 am >>>>>
ကိုကြီးကိုနှုတ်ဆက်ခဲ့ပြီး ကျွန်တော့်အခန်းရှိရာ
ဘက်ကိုလျှောက်လှမ်းလာခဲ့သည် ။ လမ်းတစ်လျှောက်ကျွန်တော့်နည်းတူ
ကျောင်းသားများကိုလည်းတွေ့ရသည် ။
သူငယ်ချင်းတွေအုပ်စုလိုက်နှင့်သွားနေသူတွေကို
တွေ့ရတော့လည်း ကျွန်တော်လည်းသာစိန်တို့
ဂျမ်းဂျမ်းတို့နှင့်အတူတူကျောင်းတက်ရလျှင်
ဘယ်လောက်ကောင်းမလဲဟုတွေးရင်းသာ
အခန်းဆီကိုရောက်ရှိလာခဲ့သည် ။ အခန်းထဲ အပြည့်ကျောင်းသူကျောင်းသားတွေ ရှိနေခြင်း
မဟုတ်ပေမယ့်အနည်းဆုံးအယောက် ၂၀ လောက် တော့သူ့နေရာနှင့်သူထိုင်နေကြပြီဖြစ်သည် ။ ကျွန်တော်ဝင်လာတော့ အားလုံးကြည့်လာကြပြီး
နောက်ကျတော့လည်း ဖုန်းကိုင်သူကကိုင်နှင့်
လုပ်စရာရှိတာကိုဆက်လုပ်နေကြသည် ။ ထိုကြောင့် ကျွန်တော်လည်းထိုင်ဖို့နေရာကိုသာ
ရှာကြည့်နေလိုက်သည် ။ နေရာလွတ်တွေ ရှိပေမယ့် အစွန်ဆုံးတန်းကရှေ့တန်းမှာ
ကျောင်းသားလေးနှစ်ယောက်သာထိုင်နေတော့
ကျွန်တော်ရောထိုင်လို့ရမလားမေးရန် ထိုရှေ့တန်းကိုဦးတည်လာခဲ့လိုက်သည် ။" ဒီကသူငယ်ချင်း ဒီမှာနှစ်ယောက်ပဲရှိတာလားဗျ"
" အင်း ဟုတ်တယ် "
ကျွန်တော်ကမေးလိုက်တော့ အသားဖြူဖြူ
မျက်နှာဝိုင်းဝိုင်းလေးနှင့်ကျောင်းသားလေးက
ခေါင်းညိတ်၍ပြန်ဖြေပေးသည် ။" ဒါဆို မင်းတို့နဲ့ ကျွန်တော်ရောအတူတူ ထိုင်လို့မလား "
" ရတယ် လာလာ ဒီဘေးလာထိုင်
ဟိုကောင် ညီညီ ဟိုဘက်တိုးပေးဦး "ကျွန်တော်ထိုင်လို့ရရန် ဘေးကိုတိုးပေးတော့
နေရာဝင်ယူလိုက်သည် ။ ထိုနောက် ကျောပိုးအိတ်ကိုရှေ့ခုံထဲထည့်လိုက်ပြီး
ကိုယ်တိုင်မိတ်ဆက်ဖို့ ဘေးကသူငယ်ချင်းကို
လက်လေးတို့လိုက်ကာရှိပေမယ့် သူက
အရင်စပြောလာသည် ။" ဒီနေ့မှ ကျောင်းစတတ်တာလား "
" အင်း ဟုတ်တယ်ဗျ "
" ရတယ် ရွယ်တူတွေပဲ
ဒီတိုင်းလွတ်လွတ်လပ်လပ်ပြောပါ
ဒါနဲ့ ငါ့နာမည်က သုတအောင်
သူက ညီညီ "