At 1 : 30 pm >>>>>
ရွာတောင်ဘက်ကနေပြန်လာတော့ ကိုကြီးနဲ့အတူနေ့လည်စာစားသည် ။
ဘကြီးကတော့ စေတီကနေပြန်မလာသေး ။
အမေကအိမ်ရှေ့မှာအမွှေးတိုင်လိပ်လို့နေသည် ။" အမေ့ သားကူလိပ်ပေးမယ် "
" နေပါ သားငယ်ရဲ့ အမေ့ဖြေးဖြေးစီလုပ်လို့ရပါတယ် သားက
သူဌေးလေးအနားသာသွားနေချေ
သူပျင်းနေလိမ့်မယ် "" ရပါတယ် အမေရဲ့
သူနေတတ်ပါတယ် "" အမေကအားနာလွန်းလို့ပါကွယ် "
" ဒါဆို တစ်လိပ်ပဲလိပ်မယ်
မလိပ်တာကြာတော့ သားကမေ့နေပြီ "အမွှေးတိုင်လိပ်နေသောအမေ့ဘေးကိုဝင်ထိုင်ကာ
လိပ်ဖို့ပြင်လိုက်သည် ။ ကျွန်တော်ကိုကြီးနား မရောက်ခင် နေ့တိုင်းလိုလိုလိပ်နေကျသည်ပင် ။
ရေစကြိုမြို့အနီးအနားရှိ ကျေးရွာအုပ်စုငယ်လေး တွေမှန်သမျှတွင် ကလေးကအစဘိုးဘွားတွေထိ
အလုပ်အကိုင်ဝင်ငွေကို အမွှေးတိုင်လိပ်ချင်းကနေ
အပိုအနေနဲ့ရရှိလို့နေသည် ။ အိမ်တိုင်းအိမ်တိုင်း
အမွှေးတိုင်လိပ်ဖို့စက်ငယ်လေးတွေကလည်း
အနည်းဆုံးတစ်ခုစီ အားလုံးရှိလေတော့
မိမိအားရင်အားသလိုမည်သူမဆို အမွှေးတိုင်လေးလိပ်ထားကြသည် ။ ထိုနောက်
နေကျစ်ကျစ်ပူထဲ အမွှေးတိုင်များကို တစ်ချောင်းစီသုံးလေးရက်လောက်အထိ ဖြန့်ချကာလှမ်းရင်း ခြောက်ပြီဆိုလျှင် အစည်းလေးတွေစည်းကာဖြင့် ရေစကြိုမြို့နယ်ရှိ
" ကံပွင့် " ဟူသောမြန်မာနိုင်ငံအနှံ့ဖြန့်ချီသော
ပင်ရင်းတိုက်ကြီးဆီကိုပို့ဆောင်ပေးရသည် ။
ထိုသို့ပို့်လျှင် ရရှိလာသောအဖိုးအခသည် မိမိလိပ်ထားသလောက် တစ်စည်းလျှင် ဘယ်လောက်ဟူသောနှုန်းဖြင့်ရလေသည် ။
ထိုကြောင့်အနီးအနားရှိ မြေဖြူ ဖူလုံ တမာတန်း
ပေကုန်း အစရှိသဖြင့်ရွာငယ်လေးတွေအကုန်သည်
အမွှေးတိုင်လိပ်လေ့ရှိကြပေသည် ။" ဟဲဟဲ သားလိပ်တတ်သေးတယ် "
" နေ့တိုင်းလိပ်နေရတာ
မလိပ်တာတစ်လတောင်မပြည့်သေးပဲ မေ့မလားသားလေးရဲ့
သွား သွား ..သူဌေးလေးနားသွားတော့
ရွာထဲလည်ချင်လည်ချေ "