November 13 >>>>>
Morning >>>>>ဈေးချိုကိုဈေးဝယ်သွားရမည်ကြောင့်
သွက်လက်လွန်းနေသည် ။ အစောကြီးထကာ
လုပ်ရမယ့်အလုပ်တွေ ပြီးစီးအောင်လုပ်သည် ။
အလုပ်တွေပြီးသည်နှင့် အပြင်သွားဖို့
အဝတ်အစားပြေးလဲရသေးသည် ။" မိုင် လူလေးရေ
လာတော့
ရှိုး စောင့်နေပြီကွယ် "" ဟုတ် လာပြီဗျ "
အဆင်သင့်ရပ်ထားသည့်ကားနက်ကြီးဆီ
ပြေးကာလာလိုက်သည် ။ ဒီတစ်ခါ ဘယ်လိုထိုင်ရမည်လဲ ။ ခါတိုင်းလိုက်တုန်းက
ကားမောင်းသည့်အကိုပါသည် ။ ပထမတစ်ခါက
အရှေ့မှာဝင်ထိုင်ပြီး ဒုတိယတစ်ခါကကျ သူ့ဘေးမှာဝင်ထိုင်ရသည် ။ အခုသူကိုယ်တိုင်
မောင်းမှာဆိုတော့ ရှေ့မှာဝင်ထိုင်ရမလိုလို နောက်မှာဝင်ထိုင်ရမလိုလိုပင် ။ ကျွန်တော်ပင်မက
ကြီးကြီးတင်ရောပါ ကားဘေးမှာရပ်နေဆဲ ။" ကြီးကြီးတင် အရင်တက် "
" လူလေး အရင်တက်ပါလား "
ဖြစ်ရတယ် ဘယ်လိုလုပ်ရမလဲမသိလို့
ကြီးတင်ကိုအားကိုးကာမှ ကြီးတင်ကပါ
ကျွန်တော့်ကိုပြန်အားကိုးနေသလို ။ သူ့ကို ကြည့်လိုက်မိပြန်တော့လည်း ကျွန်တော်တို့ကို ကြည့်မနေပဲသူ့ဟာနှင့်သူ ။ ကျွန်တော်နှင့်
ကြီးတင်လည်းခုထိရပ်နေဆဲ ။" ဘာလုပ်နေကြတာလဲ တက်လေ
မိုင် ရှေ့ကတက် "ကြီးတင်နှင့်အတူအခက်တွေ့နေသာအခြေအနေကို
သူဖြေရှင်းသွားသည် ။ ထိုအခါမှ သူ့ဘေးနား ဖြစ်ရာရှေ့ခန်းမှာတက်ထိုင်လိုက်သည် ။" ခါးပတ်ပတ် "
" ကျွန်တော်.... "
မလုပ်တတ်ဘူးဟုပြောပင်မပြောလိုက်ရ ။
သူကိုယ်တိုင်ဘေးကိုတိုးကပ်လာကာ
အနားကကြိုးကိုဆွဲ၍ခါးဘေးကခလုတ်ဆီကို
သေချာတပ်ပေးသည် ။ အတိုင်းမသိစွာ
ကြည်နူးမှုလေပြေလေးကရင်ထဲအပြည့်ပင် ။" ဈေးချိုပဲလား ဒေါ်တင်
နောက်ရောဘယ်ကိုပို့ပေးရမှာလဲ "" အရင်ဈေးချိုသွားရအောင်း သားရှိုး "
" အင်း "
ဒီနေ့တော့လုပ်စရာတွေများဦးမည် ။
ဈေးချိုပင်မကပဲ တခြားလိုအပ်တာတွေရော
သူ့လုပ်ငန်း ဈေးကြီးမှာလည်း ဝယ်ချင်ဝယ်ရဦးမည် ။ ကျွန်တော်နဲ့ကြီးတင်ကို
ဟိုပို့လိုက်ဒီပို့လိုက်နှင့် စိတ်ကောင်းကောင်း
ရှည်ပါစေဟုသာဆုတောင်းရင်း ကားပေါ်တွင်
ငြိမ်သက်စွာထိုင်လိုက်ခဲ့တော့သည် ။