ဟူး........... ။
အသက်နှင့်အမျှတစ်ခါမှ ဒီလောက်မြင့်သည့်
လှေကားထစ်များစွာကိုမတက်ဖူးပါ ။ မကြုံစဖူးမို့
ဟန်မဆောင်နိုင်အောင်အသက်ရှူသံတွေ ပြင်းပြင်း ။ ကျောကဒဏ်တွေပါ ပိုအောင့် လာရသည် ။ ကျောကဒဏ်သက်သာစေရန် တစ်ခုခုလိုအပ်တာများခိုင်းဖို့ ဦးကြီးသာက သူ့မြေးကိုထည့်ပေးလိုက်ပုံ ။ အခုသူ့မြေးကြောင့် ကျွန်တော်ပိုဆိုးနေသည် ။ ပူအိုက်လာသည့် ခံစားချက်တွေရောရောနှောလို့အပေါ်ထပ်ကုတ် အရှည်ကိုချွတ်လိုက်ပြီး အောက်ကခံထားသည့် အင်္ကျီကပါစိုစိုစွတ်စွတ်ခံစားချက် ။ ထိုကြောင့်
အင်္ကျီလဲဖို့ရန်အတွင်းရေးမှူးဆီ ဖုန်းတစ်ချက် ဆက်လိုက်သည် ။" အင်္ကျီတစ်ထည်လာပို့ "
ချက်ချင်းဆိုသလို အပြင်ကအတွင်းရေးမှူး
ကျွန်တော်ဝတ်နေကျအင်္ကျီတစ်ထည်
ယူလာသည် ။ စားပွဲပေါ်တင်ထားခဲ့ပြီး
အပြင်ထွက်သွားတော့မှ အင်္ကျီလဲဖို့
ပြင်နေပေမယ့် အလှမ်းနားကနေရပ်ကာ
ကျွန်တော်လုပ်သမျှကို မျက်လုံးပြူးလေးနှင့်
လိုက်ကြည့်နေသည့်ထိုကောင်ကလေး ။ ထိုကြောင့် အတွင်းရေးမှူးလာချပေးထားသည့် အင်္ကျီကိုကောက်ကိုင်ကာ ဝတ်ပေးရန်သူ့ဆီိကို လှမ်းပေးလိုက်သည် ။ စစချင်းကလို ဘာမှမသိတဲ့ပုံစံမဟုတ်တော့တာကြောင့်
ကျွန်တော်ခိုင်းတာကိုနားလည်ဟန် ။ ကျွန်တော် လှမ်းပေးသည့်အင်္ကျီကို ရိုရိုသေသေကမ်းယူကာ
အင်္ကျီကြယ်သီးဖြုတ်သည် ။ ထိုနောက်
ကျွန်တော့်ကိုဝတ်ပေးဖို့အသင့်ပြင်ထားတော့
အဆင်ပြေပြေပဲမို့ အင်္ကျီလဲပြီးသွားလေသည် ။" အစည်းအဝေး သွားရမယ်
ဒီထဲမှာပဲနေ လျှောက်သွားလို့ပျောက်သွားရင်
ကိုယ် လိုက်မရှာဘူး မိုင် "" ဟုတ်ကဲ့ပါ..... "
ငြင်သာသည်လား ကြမ်းတမ်းသည်လား
စိတ်ပူလို့လား ခြိမ်းခြောက်တာလား
မသဲကွဲတဲ့စကားကိုဆိုပြီး အပြင်ကို သူထွက်သွားတော့ ကျေနပ်မိပါသည် ။
ပထမဆုံး သူအများကြီးစကားပြောတာကို
ကိုယ်တိုင်ကြားခဲ့ရပြီ ။ မထင်မှတ်ထားစွာ
အဖြစ်အပျက်တို့တစ်ခုပြီးတစ်ခု ကျွန်တော့်ဖိနပ်လေးကိုသူကောက်ပေးသည် ။
ကျွန်တော်နှင့်အတူ လှေကားကနေအမောခံပြီး
အတူလိုက်တက်သည် ။ ဖြစ်ပျက်စဉ်ခဏက
ဘာကိုမှမတွေးမိပေမယ့် အခုမှာတော့
အတွေးတွေထဲမဖိတ်ခေါ်ပဲ နေရာယူသည် ။
ဘာလို့မှန်းမသိ သူ့ကိုတွေ့ချင်လာမိတဲ့ခံစားချက် ။