At 7 : 00 am >>>>>
မန္တလေးပြန်တော့မည်ဖြစ်တာကြောင့် ကျွန်တော်နှင့်ကိုကြီးရဲ့ ပြန်ယူသွားမည့်
ပစ္စည်းအနည်းငယ်ကိုသေချာထုတ်ပိုးကာ
ကားပေါ်ကိုအဆင်သင့်တင်ကာထားပြီးသည် ။
မနက်စောစော အမေဝယ်ပေးထားသော
ငချိတ်ပေါင်းနှင့်အကြော်ပူပူလေးကိုလည်း မနက်စာအဆာပြေစားပြီးခဲ့ပြီ ။ ယခုအခါ
မပြန်ခင်လေးမှာ အမေနှင့်ဘကြီးကို လက်ဆယ်ဖြာဦးထိပ်မှာမိုး၍ ဝတ်ချကန်တော့ ဖို့ရာနေရာယူသည် ။ ကျွန်တော့်နည်းတူ
ကိုကြီးသည်လည်းဘေးကပ်ရပ်မှာပင် နေရာယူလို့ထားလေသည် ။" အမေ ဘကြီး
သားတို့ကန်တော့မယ်နော် "ပါးစပ်ကရေရွတ်၍ အမေ့ခြေဖျားထိပ်မှာ
လက်ဆယ်ဖြာဝတ်ချ၍နဖူးကိုအပ်ကာ ငါးကြိမ်တိုင်တိုင်ဦးချလိုက်သည် ။ ထိုနောက် ဘကြီးကိုလည်းအမေ့နည်းတူပင်ဦးချသည် ။ ကိုကြီးကတော့ နှစ်ယောက်လုံးကိုအတူတူ
ငါးကြိမ်ကန်တော့သည် ။" သာဓု သာဓု သာဓုပါကွယ် သားလေးတို့ရယ်
သားလေးတို့ရှေ့ဆက်လျှောက်မယ့်ခရီးမှာ
ခလုတ်မထိဆူးမညှိပဲ သွားလမ်းသာလို့
လာလမ်းဖြောင့်ပါစေကွယ် အခက်အခဲတွေအားလုံးလွယ်လွယ်ကူကူနဲ့
ကျော်ဖြတ်နိုင်ကြပါစေလို့ အမေဆုတောင်းပေးပါတယ် "" ဘကြီးလည်းမြေးလေးအမေနဲ့ အတူတူပါပဲကွယ် "
" ပေးတဲ့ဆုနဲ့ပြည့်ပါစေ အမေ
ပေးတဲ့ဆုနဲ့ပြည့်ပါစေ ဘကြီး "" နောက်ထပ် ဘကြီးထပ်မှာလိုက်ချင်တာက
တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ရှိကြပါ တစ်ယောက်ကိုတစ်ယောက်လည်း
နားလည်မှုပေးနိုင်ရမယ် ပြီးရင်
ယုံကြည်မှုရှိရမယ် ဘယ်လောက်ချစ်ချစ်
မယုံကြည်ရင် ပျက်စီးလွယ်လိမ့်မယ် "" ဟုတ် ဘကြီး "
" ဟုတ် ဦးသာ "
" မြေးလေးရော ရှိုးရော
သစ္စာတရားကိုမြတ်နိုးတတ်ကြပါစေကွယ် "ဘကြီးကတော့အရေးကြီးတာတွေမှာပြီး
ထိုင်ရာမှထကာအပြင်ကိုထွက်ကာစောင့်နေသည်။
အမေကတော့ မျက်ရည်လေးတလည်လည်နှင့်
ကျွန်တော့်ဘေးကကိုကြီးကိုအားကိုးတကြီး
ကြည့်လေကာ ။